Wednesday, 19 September 2018

အိန္ဒိယစတိုင် ထမင်းကြော်











ဒီနေ့တော့ အသားမပါပေမဲ့ စားလို့ကောင်းတဲ့ သတ်သတ်လွတ် အိန္ဒိယစတိုင် ထမင်းကြော်ဖြစ်တဲ့အတွက် ပြင်ဆင်ပြီး ကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  • ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ (ထမင်းကြော် ထမင်းချက်ရန်နှင့် အာလူးအရသာထဲ မျှထည့်ရန်))
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • မုံလာဥနီ - အနေတော် တစ်ဥ
  • တရုတ်မုန့်ညှင်းဖြူ - အရွက်ကြီးကြီး၂ရွက်
  • ပဲတောင့်ရှည် - ၃ တောင့် 
  • ကြက်သွန်မိတ် - ၂ပင်
  • အာလူး - အနေတော် ၅လုံး
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း(တဇွန်းကို ထမင်းချက်သည့်အထဲ ထည့်ရန်)
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာ (အာလူးကြော်ရန်)
ထမင်းချက်ရန်
  1. ဆန် ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကို ရေဆေးပြီး ရေတစ်နာရီလောက် စိမ်ပေးကာ  ရေစစ်ထားပါ
  2. ဇောက်နက်သော အိုးထဲမှာ ရေကိုထည့်ပြီး တည်ပေးပါ
  3. ရေပွက်ပွက် ဆူလာတာနဲ့ ရေထဲကို ဆီထမင်းစားဇွန်း တဇွန်းနှင့်ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပေးပါ
  4. ပြီးတာနဲ့ ရေဆေးပြီး ရေထားသောဆန်ကို ရေနွေးအိုးထဲ ထည့်ပေးပါ
  5. ဆန်ပျော့လာပြီး ထမင်းကျက်တာနဲ့ ရေစစ်ဇကာထဲ ရေသွန်ပြီး ရေစစ်ထားပါ
အာလူးပြင်ဆင်ပုံ
  1. အာလူးကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  2. လှီးထားသော အာလူးကို နနွင်းမှုန့် ငရုတ်သီးအရောင်တင်မှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံထည့်ကာ နယ်ပေးပါ
  3. ဆီကိုဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပါ
  5. အာလူး ရွှေအိုရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ

ပြင်ဆင်ပုံ

  • ဘာစမာတီဆန်ကိုခပ်မာမာလေးချက်ပြီး အအေးခံကာ ဖွထားပါ
  • အာလူးကြော်ကို ပြင်ထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • တရုတ်မုန့်ညှင်းဖြူကို ရေဆေးပြီး လက်တစ်လုံးခွဲလောက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးပေးပါ

ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီထည့်ကာ အပူပေးလိုက်ပါ
  • ဆီပူလာတာနဲ့ ကြော်ထားသော အာလူးကို မိနစ်ဝက်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ မုံလာဥနီ တရုတ်မုန့်ညှင်းဖြူ ပဲသီးနှင့်  ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
  • အသီးအရွက်များ  ထည့်မွှေပေးပြီးတာနဲ့ ချက်ပြီးအအေးခံပြီး ဖွထားသော ထမင်းဖြူနှင့်အတူ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ပဲငံပြာရည်အနောက်ရည် ငရုတ်ကောင်းမှုန့်နှင့် အချိုမှုန့်တို့ကိုထည့်ပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကြက်သွန်မိတ်ကို ထည့်ပေးပြီး တစ်မိနစ်လောက် မွှေပေးပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့သတ်သတ်လွတ် အာလူး ထမင်းကြော်ကို ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • ထမင်းကြော်ပွဲ ပြင်ဆင်ရန် ပန်းကန်ပြား တချပ်ပေါ်မှာ အာလူးထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment