Saturday 22 September 2018

Pineapple Smoothie











တခါတလေကျတော့ ဒီဘလော့လေး ရေးမိတာ နောင်တတွေရသလို စိတ်တွေလဲ ညစ်ရပါတယ် အစထဲကလဲ မာမာပြောဖူးပါတယ် မာမာချက်တဲ့ ဟင်းတွေက ရိုးပါတယ် လူတိုင်းစားလို့ရအောင် ချက်ထားသလို အရသာ ရှိရှိလေးတွေဘဲ ချက်တာပါ အလွယ်တကူလဲ ချက်လို့ရအောင် ချက်ထားတဲ့နည်းလေးတွေပါဆိုတာ ခနခနလဲ ပြောဖူးပါတယ်။

မနေ့ညနေပိုင်းက တယောက်က မာမာနံမည်တော့ မပြောတော့ပါဘူး မက်ဆင်ဂျာကနေ လာပြောပါတယ် အမ ချက်နည်းတွေသာတင်နေတာ ကြည့်သူရော ရှိရဲ့လားတဲ့ တယောက်မှလဲ ကော်မန့်ဝင်မရေးကြဘူးတဲ့။

ကော်မန့်ဝင်ရေးခြင်း မရေးခြင်းက ကျမအတွက် အရေးမကြီးပါဘူး ကြည့်သူ တယောက်မှ မရှိလဲ ကျမကတော့ အမှတ်တရအနေနဲ့ ရေးနေမှာဘဲလို့ ပြန်ပြောလိုက်ပါတယ် တခါတလေ ကြုံရတဲ့ စိတ်ညစ်စရာလေးပေါ့ရှင်။

ဒီနေ့တော့ နာနတ်သီး အစိမ်းလေး ဝယ်ထားတာ မှည့်လာလို့ ရေခဲတုန်းလေးတွေနဲ့ ရောကြိတ်ကာ အရသာတမျိုး ရစေမဲ့ Pineapple Smoothie လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

နာနတ်သီး - အနေတော် တစ်စိတ်
သကြား - ထမင်းစားဇွန်း တဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပေးပါ)
ရေ - 1 cup
ရေခဲတုန်း - 1 cup
ဘလင်ဒါ

ပြင်ဆင်ပုံ
နာနတ်သီးကို အခွံခွာကာ ရေဆေးပြီး အလယ်မှ အူတိုင်ထုတ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
သကြား ရေနှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲတုန်း ရေ သကြားနှင့် နာနတ်သီးတို့ကို ဘလင်ဒါထဲထည့်ပေးပါ
အားလုံးကို ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
ပြီးတာနဲ့ Pineapple  Smoothie ချိုချဉ်အေးမွှေးလေးကို မိမိနှစ်သက်သော ဖန်ခွက်ထဲ ထည့်ပေးကာ ရွှေရင်အေးမြသွားအောင် သုံးဆောင်နိူင်ပါပြီ။ 

No comments:

Post a Comment