Sunday 9 September 2018

ပုဇွန်ထုတ် ငါးပိရည်ဖျော်





ဒီနေ့တော့ ငါးပိရည်ကို အဖျော်ခပ်ပျစ်ပျစ်လေးနဲ့ စားချင်တဲ့အတွက် ငါးပိရည်ကျိုပြီး ငါးပိရည်ဖျော်လေး ပြင်ဆင်ဖြစ်လို့ ပုဇွန်ထုတ် ငါးပိရည်ဖျော် မွှေးမွှေးလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးရံ့ငပိရည်ကျိုရန် အနှစ် - ထမင်းစားဇွန်း မောက်မောက် နှစ်ဇွန်း
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲသာသာတို့ကို အိုးတစ်လုံးထဲ ထည့်ပေးပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရလာပါက ပန်းကန်တစ်လုံးထဲကို ငပိရည်များ ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် လိုအပ်သော ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - မိမိနှစ်သက်သလောက်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၁မွှာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပုဇွန်ထုတ်ကိုလဲ ရေဆေးကာ ပုဇွန်ထုတ်ကို မီးသွေးမီးဖိုရှိက အခွံများ ကျွမ်းအောင်ဖုတ်ပေးပါ သို့မဟုတ်
  • အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်အခွံများခွာကာ ခေါင်းများဖြုတ်ထားပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပုဇွန်ထုတ် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငပိရည် ပန်းကန်ထဲထည့်ကာ ရောဖျော်ပေးပါ
  • အဖျော်မွှေးမွှေးလေးနဲ့ အရသာရှိလှတဲ့ ငပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment