Wednesday 26 September 2018

အာလူးထောင်း



ဒီတခါတော့ စားလို့အရမ်းကောင်းလွန်းတဲ့ အာလူးထောင်းနည်းလေး မှြှဝပေေးခငြျပါတယျ နာဂတောင်တန်းမှာနေစဉ်တုန်းက နေ့စဉ်ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ အရံဟင်းတမယ်ပါ။

မြန်မာမိသားစု ထမင်းဝိုင်းမှာ မပါမဖြစ် ငါးပိရည် ငါးပိထောင်းတို့ မပါရင် မစားတတ်သလိုဘဲ အေးလွန်းတဲ့ တောင်တန်းပေါ်မှာလဲ ရွှေလံဘိုငရုတ်သီးစပ်စပ်လေးနဲ့ အာလူးထောင်းလေးပါမှ ထမင်းစားလို့ ​ြမိန်တတ်ကြပါတယ်။

မာမာအခု ရေးပေးထားတဲ့အထဲမှာ နံနံပင်နဲ့ မုန့်ညှင်းချဉ်ပါပါတယ် မိတ်ဆွေတို့မှာ အလွယ်တစ်ကူ မရှိရင်လဲ မထည့်လဲ ရပါတယ် မာမာလဲ နံနံပင်ကုန်နေလို့ မထည့်ထားပါဘူး မုန့်ညှင်းချဉ်အစား သံပုရာရည်ရည်လေး အနည်းငယ် ထည့်ပေးရင်ရပါတယ် အစပ်မစားတဲ့ သူတွေကလဲ အစပ်ကို လျှော့ပြီးမှ ထည့်ထောင်းစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. အာလူး - အနေတော် ၅လုံး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၂မွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ဥ
  6. ချင်း -လက်တစ်ဆစ် မရှိတစ်ရှိ
  7. နံနံပင် - မိမိနှစ်သက်သလောက်အ
  8. ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်င
  9. ရုတ်သီးအစပ် အခြောက်တောင့် - ၆တောင့်ခန့်
  10. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း ၃ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (၂မျိုးသုံးရန်)
  12. ဆီ - ထမင်းစားဇွန်း ၃ဇွန်း (အာလူးထောင်း ကြော်ရန်)
  13. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး သာသာ (ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန် )
  14. မုန့်ညှင်းချဉ် - လှီးပြီးသာ ထမင်းစားဇွန်း သုံးဇွန်း
  15. နံနံပင် - မိမိနှစ်သက်သလောက်


ပြင်ဆင်ပုံ
  • အာလူးကို ရေမြုပ်အောင်ထည့်ပြီး နူးအောင်ပြုပ်ပေးပါ
  • အာလူးနူးပါက ရေစိမ်ပြီး အေအးခံကာ အခွံခွာပေးပါ
  • အခွံခွာပြီးပါက ငရုတ်ဆုံထဲထည့်ကာ ကြေညက်သွားအောင် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်ဖြူ ၁၂မွှာခန့်ကို အခွံခွာပြီး ရေဆေးကာ မညက်တညက် အ​ေနအထားရအောင် ထောင်းပေးပါ
  • ကျန်နေသောကြက်သွန်ဖြူ ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ချင်းကိုအခွံခွာကာ ရေဆေးပြီး ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေကာ ရေဆေးပြီး ခက်ကြမ်းကြမ်း ထောင်းပေးထားပါ
  • မုန့်ညှင်းချဉ်ကို ခပ်သေးသေးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးထားကာ အနေတော် လှီးထားပါ
  • ငရုတ်သီးလုံးခြမ်းခွဲ မုန့်ညှင်းချဉ် အရသာမှုန့် ငံပြာရည် ဆား နနွင်းမှုန့် နှင့်ဆီတို့ကို အဆင်သင့် ပြင်ထားပါ
ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန်
  • ဆီကိုဒယ်အိုးထဲထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး မညက်တညက် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြော်နေစဉ် မကြာမကြာ မွှေပေးပါ
  • ရွှေဝါရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • အိုးထဲမွ ဆီချက်များကို ထမင်းစားဇွန်း ၃ဇွန်းလောက် ခပ်ထားကာ ကြွေပန်းကန်ထဲသို့ ပြောင်းထည့်ပေးထားပါ
  • ဆီအိုးကို ပြန်အပူပေးပြီး ဆီပူတာနဲ့ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ထိုဆီအိုးထဲကို ငရုတ်သီးလုံးခြမ်းခွဲ မိနစ်ဝက်လောက် ထည့်မွှေကာ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ 
အာလူးထောင်း ကြော်ရန်
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံခန့်ကို ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးထောင်းတို့ကို ထည့်ကြော်ပါ
  • ငရုတ်သီးကြော် ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပါ
  • ငရုတ်သီးနံ့လေး သင်းလာတာနဲ့ မုန့်ညှင်းချဉ်ကို ထည့်ကြော်ပါ
  • မုန့်ညှင်းချဉ်နံ့လေး သင်းလာတာနဲ့ ထောင်းထားသော အာလူးထောင်းကို ထည့ျမှေှပေေးပါ
  • တချိန်ထဲမှာဘဲ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ မွှေပေးပါ
  • အာလူးထောင်းထည့်ပြီး ကြော်ချိန် ၂မိနစ်လောက်ဆို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
စားပွဲပြင်ရန်
  • မိမိနှစ်သက်ရာ ပန်းကန်တချပ်ထဲမှာ အာလူးထောင်းကို ထည့်ပေးပါ
  • အာလူးထောင်းအပေါ်မှာ ကြက်သွန်ဖြူဆီချက်ဖတ် ငရုတ်သီးဆီချက်ဖတ်နှင့် နံနံပင်တို့ကို ထည့်ပေးပါ
  • အဆင်သင့်ဖြစ်တာနဲ့ ရေနွေးကြမ်းလေးနဲ့ဘဲ သုံးဆောင် သုံးဆောင် ထမင်းပူပူလေးနဲ့ဘဲ စားစား အရမ်းကို စားလို့ကောင်းတဲ့ အာလူးထောင်း စပ်စပ်လေး ရပါပြီ။

No comments:

Post a Comment