Friday, 7 September 2018

တို့စရာ ပြင်​ဆင်​ပုံများ






ဒီ​နေ့​တော့ အိမ်​ရှင်​မ​တွေ အလွယ်​တကူနဲ့ အမှိုက်ပုံးထဲ လွှင့်​ပြစ်တတ်ကြတဲ့ ပန်း​ဂေါ်ဖီ အရိုးနု​လေး​တွေကို တို့စရာအဖြစ် ပြင်​ဆင်​လို့ရတဲ့နည်း​လေး မျှ​ဝေလိုက်​ပါတယ်​။

ပန်း​ဂေါ်ဖီ ဝယ်​တဲ့အခါမှာ ပန်းပွင့်မှာ ကပ်ပြီးပါလာ​လေ့ရှိတဲ့ အရိုးနု​လေးကို တချို့က စားရ​ကောင်းမှန်း မသိသလို တချို့ကလဲ အရသာမရှိဘူး အထင်နဲ့ အရိုးရင့်တွေဆိုပြီး ပြစ်ပလိုက်တတ်ကြပါတယ်။

မာမာက​တော့ ပန်း​ဂေါ်ဖီ ဝယ်လာရင် အရိုးလေးတွေ ပါလာတိုင်း​ တို့စရာ လုပ်​တတ်​သလို အရိုးလေးတွေကို ချဉ်​ရည်​ဟင်းလဲ ချက်​တတ်​ပါတယ်​ ဒါကြောင့်မို့လို့ ဖယ်ထားတဲ့ အရိုးလေးတွေကို ဒီ​နေ့​တော့ တို့စရာအတွက် ပြုပ်ထားလို့ ပြင်​ဆင်​နည်း​လေး မျှ​ဝေလိုက်​ပါတယ်​။

ပြင်​ဆင်​ပုံ

  1. ပန်း​ဂေါ်ဖီမှ အရိုးများကို ဖယ်​လိုက်​ပါ
  2. ရင့်​​နေ​သော ​နေရာများကို ဓားဖြင့်လှီးပြီး ဖယ်ပေးပါ
  3. အရိုးများကို ​ရေစင်​​အောင်​ ​ဆေး​ပေးပါ
  4. ​ဇောက်​နက်​​သော အိုးတလုံးထဲမှာ ပန်း​ဂေါ်ဖီ အရိုးများကို ​ရေမြုပ်​​အောင်​ ထည့်ပြီးတည်​​ပေးပါ
  5. အရိုးများ နူး​အောင်​တည်​​ပေးပါ
  6. အရိုးနူးတာနဲ့ ​ရေပူများ သွန်​လို​က်​ပြီး ​ရေ​အေးဖြင့် စိမ်ထားပါ
  7. ပြီးတာနဲ့ တို့စရာအဖြစ် အခြားတို့စရာများနှင့်အတူ ရောပြီး​ပြင်​​ပေးနိုင်​ကာ ငါးပိရည်​ဖျော်​ မွှေးမွှေးလေးနှင့်​တွဲဖက်​ကာ တို့စရာအဖြစ်​ ပင်​နိုင်​ပါပြီ
  8. တို့စရာအဖြစ်​ မပြုပ်​ဖြစ်​ပါက တခြားအသီးအရွက်များနှင့် အတူရောပြီး ချဉ်​ရည်​ဟင်း ချက်​နိုင်​ပါ​သေးတယ်
  9. ပန်းဂေါ်ဖီရိုးများကို ချက်​ချင်းမချက်​ဖြစ်​​သေးပါက အရိုးများကို ​ရေမ​ဆေးဘဲ ပလပ်​စတစ်​ အိတ်​ထဲထည့်​ကာ ​ရေခဲ​သေတ္တာ အသီးအရွက်​ထည့်​​သော အကန့်​ထဲမှာ သိမ်းထားနိုင်​ပါတယ်​။
  10. ကြကြာအထားခံ​အောင်​ သိမ်းချင်​ရင်​​တော့ ပန်း​ဂေါ်ဖီရိုးများကို ​ရေ​ဆေးကာ နူး​အောင်​ပြုပ်​လိုက်​၍ ​ရေ​အေးစိမ်​ပြီး ​ရေစစ်​ကာ ​လေလုံ​သော ပလပ်​စတစ်​အိတ်​ထဲထည့်​ကာ ​ရေခဲ​သေတ္တာ ခဲတဲ့အကန့်​ထဲမှာ ထည်​ပြီး သိမ်းထားနိုင်​ပါတယ်​။

No comments:

Post a Comment