Monday, 24 September 2018

Broad Bean (တောင်ကြီးပဲသုပ်)




အေးရှန်းဆိုင်က ဝယ်လာတဲ့ တောင်ကြီးပဲစေ့လေးတွေကို ဒီနေ့တော့ ပြုပ်ပြီးအခွံခွာကာ ပဲသုပ်လေးလုပ်ထားတဲ့အတွက် ဝါတွင်းကာလဘဲဖြစ်ဖြစ် သတ်သတ်လွတ် စားသုံးသူများအတွက် ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

တောင်ကြီးပဲ အထုတ်က ရယ်ဒီမိတ် အထုတ်လေးကို ပြုပ်ထားတာမို့ ပဲပြုပ်ချိန် အရမ်းမြန်ပါတယ် ပဲကိုရေမြုပ်အောင်ထည့်ပြီး ၅မိနစ်လောက်ဘဲ ပြုပ်ပေးရပါတယ်။

ပါဝင်ပစ္စည်းများ

  • ရယ်ဒီမိတ်ပဲအထုတ် - 400 g
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်သာသာ
  • ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပဲထုတ်ကိုဖောက်ကာ ရေဆေးပြီး ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ 
  • ပဲပြုပ်ချိန် ၅မိနစ်လောက်ဆို ရပါပြီ
  • ပြုပ်ထားသော ပဲပြုပ်ထဲက ရေကိုသွန်ပေးပြီး အအေးခံထားပါ
  • ပဲများအေးပြီဆိုတာနဲ့ ပဲစေ့မှ အခွံများကို တစေ့ခြင်းစီ စိတ်ရှည်လက်ရှည်နဲ့ ချွတ်ပေးပါ
  • ပဲစေ့အားလုံး အခွံချွတ်ပြီးတာနဲ့ ဇလုံထဲမှာ ဆားနှင့်ဆီတို့နဲ့အတူ ထည့်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ဇွန်းနှင့်ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ သတ်သတ်လွတ် တောင်ကြီးပဲသုပ် စိမ့်စိမ့်မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment