ဒညင်းသီးလေးတွေ ဝယ်လာပြီး အစိမ်းတို့လိုက် ပြုပ်တို့လိုက် မီးအုံးပြီးတို့လိုက်နဲ့ ပါတ်ချာလည်ရိုက်နေခေဲ့တယ် ဒါကြောင့်မို့လို့ ဒီတခါတော့ ဆားရည်စိမ်လေးလုပ်ကာ တို့စရာလုပ်ဖို့ ပြင်ထားအတွက် မာမာဆင်ဆင်ထားတဲ့ ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ဒီမှာကတော့ အေးရှန်းဆိုင်က အခွံချွတ်ပြီးသား ခဲထားတာတွေဘဲ ရတဲ့အတွက် အဲဒီအသီးတွေကိုဘဲ ရေ၂ရက်လောက်စိမ်ကာ ဆားရည်စိမ်ထားပါတယ်။
ဒညင်းသီး လတ်လတ်ဆတ်ဆတ်လေးတွေ ရခဲ့ရင်လဲ ရေ၂ရက်လောက် စိမ်ပြီးမှ ဆားရည်စိမ်ဖို့ ပြင်ဆင်ပေးနိူင်ပါတယ်။
ဆားရည်အပေါ့အငံ ပြင်တဲ့အခါမှာ ရေကျက်အေးကို ပုလင်းထဲထည့် ဆားထည့်ပြီး အပေါ့အငံ မြည်းကြည့်ပါ ဆားရည်ငံနေပြီဆိုရင် ရပါတယ် ဆားရည်စိမ်နည်းက အရမ်းလွယ်တဲ့အတွက် ဒညင်းသီး ပေါ်ချိန်မှာ စိမ်ထားလိုက်ရင် နှစ်ပါတ်လည်အောင် ထားနိူင်ပါတယ် စားချင်တဲ့အချိန် ယူစားလိုက်ယုံပါဘဲရှင်။
ပါ၀င်ပစ္စည်းများ
- အခွံချွတ်ထားသော ဒညင်းသီး - 300 g နီးပါး
 - ဆားကြမ်း - 25 g
 - ရေကျက်အေး - လိုသလောက်
 - ဖန်ပုလင်း သန့်သန့် - တစ်လုံး
 
ပြင်ဆင်ပုံ
- ဒညင်းသီးများကို ရေနှစ်ရက်လောက် စိမ်ပေးထားပါ
 - အခွံပါသော ဒညင်းသီးကိုလဲ အထက်ပါနည်းအတိုင်း ရေစိမ်ထားပါ
 - ဒညင်းသီး ရေစိမ်ပြီးတာနဲ့ ရေကိုပွက်ပွက်ဆူအောင်တည်ပြီး အအေးခံထားပါ
 - ဆားကြမ်းကို ပြင်ထားပါ
 - ဖန်ပုလင်းကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် နေလှန်းထားပါ
 - အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုလင်းထဲကို ဒညင်းသီးနှင့် ဆားကြမ်းများကို အရင်ဆုံး ထည့်ပေးပါ
 - ပြီးတာနဲ့ ဒညင်းသီးများ မြုပ်အောင် ရေကျက်အေးကို ထည့်ပေးပါ
 - ပုလင်းအဖုံးကို လုံအောင်ပိတ်ပြီး ရိုးရိုးအခန်း အပူချိန်ထဲမှာဘဲ ထားပေးပါ
 - ၃ရက်လောက် ရလာတာနဲ့ ငါးပိရည်ဖျော်နှင့် တို့စရာလုပ်ကာ မိမိနှစ်သက်သလို စားသုံးရန် ပြင်နိူင်ပါပြီ
 - ဆားရည်စိမ် ယူတဲ့အချိန် ဇွန်းသန့်သန့်နဲ့ယူပြီး ပုလင်းအဖုံးကို သေသေချာချာ ပြန်ပိတ်ထားပါက တနှစ်ပါတ်လည် အထားခံပါတယ်။
 






No comments:
Post a Comment