Wednesday 1 August 2018

Enoki mushroom မှိုဟင်းချို






ဂျပန်မှိုလေးတွေ ဝယ်လာတာ တမျိုးပြီးတမျိုး လုပ်စားဖြစ်နေပြန်ပါတယ် ဒီမှိုလေးတွေက မြန်မာပြည်က ခြေတံရှည်မှိုလေးတွေနဲ့ အရသာအနည်းငယ် ဆင်တူပြီး စားရတာ ချွဲကျိကျိလေးမို့လို့ စားလို့အရမ်းကောင်းတဲ့ မှိုလေးပါဘဲ အဆင်ပြေတဲ့အခါ ချက်စားနိုင်အောင် မာမာချက်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Enoki mushroom  - 250g
  • ကြက်သွန်နီ - တခြမ်း
  • ကြက်သွန်ဖြူ -၂မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း  ၂ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  1. မှိုကိုမလိုသော အောက်ချေကို လှီးထုတ်လိုက်ပြီး ရေဆေးကာ လက်နှစ်ဆစ်သာသာ အရွယ်လေးတွေ လှီးထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ  ဓါးပြားရိုက်ထားပါ
  4. ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  5. အိုးတလုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ ကြက်သွန်အဖြူ အနီတို့ကို နွမ်းရုံလေး ထည့်ကြော်ပေးပါ
  7. နွမ်းလာတာနဲ့ မှိုကို ထည့်မွှေပါ
  8. ပြီးတာနဲ့ ပဲငံပြာရည်နှင့် ဆားထည့်မွှေပြီး ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး ရေခမ်းတဲ့ထိ တည်ပေးပါ
  9.  ရေခမ်းတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပြီးရင် အရသာချိုချိုမွှေးမွှေး Enoki mushroom  မှိုဟင်းလေးရပါပြီ။

No comments:

Post a Comment