Monday 27 August 2018

ငရုတ်သီးစိမ်း ဆားထောင်း



ဆောင်းရာသီမှာ အရမ်းအေးရတဲ့ကြားထဲ မိုးကလဲ စွေနေတာ တစ်ပါတ်လုံးပါဘဲ အချမ်းပေါ် အအေးက ထပ်ဆင့်လေတော့ အေးနေတာက ခင်လေးဆတ်ဆတ်တုန် ဆိုသလိုပါဘဲ။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ဓါတ်ကြမ်းတိုက်မှ နေသာထိုင်သာ ရှိတော့မဲ့ ရာသီဥတုအတွက် စပ်ပေ့ဆိုတဲ့ ငရုတ်သီးစိမ်း အစပ်တောင့်တွေနဲ့ ပုဇွန်ထုတ်ကို လှော်ကာ နံနံပင်တွေ ရှမ်းနံနံတွေနဲ့ ရောသမမွှေတဲ့ ထောင်းနည်းလေးကို မျှဝေလိုက်ပေးလိုက်ပါတယ်ရှင် ရှူးရှူးရှဲရှဲ ထူးထူးကဲကဲ အရသာလေးမို့ ထောင်းစားကြည့်ပါအုံးလို့လဲ တိုက်တွန်းလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငရုတ်သီးစိမ်း အနီရောင်အစပ်တောင့် - တစ်ဆယ်သားခန့်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  3. ပုစွန်ထုတ် - အကောင်ကြီးကြီး ၇ကောင်ခန့်
  4. နံနံပင် - အပင်ကြီးကြီး ၅ပင်ခန့်
  5. ရှမ်းနံနံ - ၅ပင်ခန့်
  6. သံပုရာသီး - ၁လုံး
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ မွှေးလာတဲ့အထိ လှော်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မွှေးလာအောင် လှော်ထားပါ
  • ပုစွန်ထုတ်ကို ရေဆေးပြီး မွှေးလာတဲ့အထိ လှော်ပေးပြီး ကြော်ဖက်မှ အမည်ကြောင်း ပုဇွန်အခွံနှင့်ခေါင်းတို့ကို ဖယ်ထားပါ
  • နံနံပင်နှင့် ရှမ်းနံနံတို့ကို ရေဆေးပြီး၊ရေစစ်ကာ ခပ်ပါးပါး လှီးထားပေးပါ
  • လှော်ထားသော ကြက်သွန်ဖြူနှင့် အခွံခွာထားသော ပုဇွန်ထုတ်ကို ဆားနှင့် အချိုမှုန့်တို့ထည့်ကာ ညက်နေအောင်ထောင်းပေးပါ
  • ပြီးတာနဲ့ပါးပါးလှီးထားသော ရှမ်းနံနံကို အရင်ဆုံး ထည့်ထောင်းပါ
  • ပြီးတာနဲ့  နံနံပင်ကို ထည့်ထောင်းပေးပါ
  • အားလုံးထောင်းပြီးတာနဲ့ ငါးငံပြာရည်ကို ထည့်ပေးကာ ဇွန်းနှင့် မွှေပေးပါ
  • အရသာ သမလောက်ပြီဆိုတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ပန်းကန်တခုထဲ ပြောင်းထည့်ပေးပါ
  • စားခါနီးမှ သံပုရာရည် လတ်လတ်ဆတ်ဆတ် ညှစ်ပေးကာ ပုဇွန်ထုတ် ငရုတ်သီးထောင်း သံပုရာရည်ဆမ်း ချဉ်ငံစပ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment