Thursday, 9 August 2018

ကြက်သားအမွကြော်


ရေနွေးကြမ်း ပူပူလေးနဲ့ မြည်းရအောင် ကြက်သားအမွကြော်လေး ကြော်ဖြစ်တာမို့လို့ ရိုးရှင်းလွယ်ကူတဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြက်ပေါင်သား - 350 g
  • ကြက်ဥ - တလုံး
  • တန်ပူရာမှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲ
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်ပေါင်သားကို ရေဆေးပြီး အလယ်မှ အရိုးကို ဖယ်ပေးကာ ရေခြောက်အောင် သုတ်ပေးပြီး လက်နှစ်လုံး သာသာလေးတွေလှီးပါ
  • ဆား အရသာမှုန့်တို့နဲ့ ကြက်သားကို နယ်ပေးပါ
  • ကြက်ဥ တန်ပူရာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့နဲ့ရောပြီး ခပ်ပြစ်ပြစ် ခလောက်ပေးပါ
  • ခလောက်ထားသော တန်ပူရာမုန့်အနှစ်ထဲမှာ ကြက်သားတုံးကို တတုံးချင်းနှစ်ပြီး လူးပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ကြက်သားတုံးကို ထည့်ကြော်ပေးပါ
  • ကြက်သားတုံး တခုလုံး အကျက်ညီစေရန် အထက်အောက်ကို မကြာမကြာ လှန်လှန်ပေး၍ ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားပြား မွမွရွရွ ကြွတ်ကြွတ်လေးကို မိမိနှစ်သက်ရာ အချဉ် ဆလတ်ရွက်တို့နဲ့တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment