ရာသီဥတုကလဲ အေးလာပြီး ဆောင်းတွင်းအခါ သမယမှာ စားချင်စိတ်က အပူအစပ်တွေဘဲ စားချင်နေမိတဲ့အတွက် သုန့်ယမ်းအနှစ်နဲ့ ထမင်းကြော်လေး ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
 - ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
 - ပြောင်းဖူးစေ့ - ထမင်းစားဇွန်း လေးဇွန်း
 - သုန့်ယမ်းအနှစ် - ထမင်းစားဇွန်း နှစ်ဇွန်း
 - ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
 - သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
 - ကြက်သွန်နီ - အနေတော် တစ်ဥ
 - ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
 - ဆီ - ထမင်းစားဇွန်း လေးဇွန်း
 - သခွားသီး - အနေတော်တစ်လုံး
 - ခရမ်းချဉ်သီး - အလုံးကြီးကြီးတစ်လုံး
 
- ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပေးပြီး ခလုတ်နှိပ်ကာ တည်ပေးပါ
 - ခလုတ်တက်ပြီး ထမင်းကျက်တာနဲ့ ထမင်းဖြူကို အအေးခံကာ ဖွထားပါ
 - ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
 - ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
 - ပြောင်းဖူးစေ့ကို ရေဆေးထားပါ
 - သွားသီးကို ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
 - သခွားသီးကို ရေစင်ဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
 
ကြော်ရန်ပြင်ဆင်ပုံ
- ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
 - အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
 - ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီကိုထည့်ကာ လှီးထားသောကြက်သွန်နီ ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ဖြူတို့ကို ထည့်ကာထည့်ကြော်ပါ
 - ကြော်နေစဉ် ပြောင်းဖူးစေ့ နှင့် ငါးငံပြာရည်တို့ထည့်ပြီး ကြော်ပေးပါ
 - ပြီးတာနဲ့ ထိုအိုးထဲမှာ သုန့်ယမ်းအနှစ်ကို ထည့်ပေးပြီး သမအောင် မွှေကြော် ကြော်ပေးပါ
 - သုန့်ယမ်းအနံ့ မွှေးလာပြီ ဆိုတော့မှ ထမင်းကို ထည့်ကြော်ပေးပါ
 - ထမင်းနှင့် ကြော်ထားသော သုံ့ယမ်းအနှစ်များ သမသွားပြီ ဆိုတော့မှ သကြားကို ထည့်မွှေပေးပါ
 - ထမင်းကြော်ချိန်ကို အရမ်းမကြာအောင် သတိပြုပေးပါ
 - သုန့်ယမ်းထမင်းကြော် ရပြီဆိုတာနဲ့ ထမင်းကြော်ကို မိမိနှစ်သက်ရာ ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
 - သုန့်ယမ်းထမင်းကြော်ပွဲ ပြင်ဆင်ရန် ဆလတ်ရွက် သခွားသီးနှင့်ခရမ်းချဉ်သီးတို့ကို မိမိနှစ်သက်သလို လှီးပေးပြီး အားလုံးကို ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။
 
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

No comments:
Post a Comment