Tuesday 21 August 2018

နာနတ်သီး အစိမ်းကြော်


ဝါတွင်းကာလ သတ်​သတ်​လွတ်​ စားနိုင်​မဲ့ အစိမ်းကြော်​ ကြော်​နည်းလေး မျှဝေလိုက်​ပါတယ်​။

ပါဝင်ပစ္စည်းများ

  1. နာနတ်သီး - အနေတော် တစိတ်
  2. ကြက်သွန်နီ - အနေတော် တလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  4. ဂေါ်ဖီ - အနည်းငယ်
  5. မုံလာဥနီ - အနေတော် တဥ
  6. ပန်းငရုတ်ပွ - တတောင့်
  7. ပဲတောင့်ရှည် - ၁၀တောင့်ခန့်
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တဝက်
  10. နနွင်းမှုန့် - အနည်းငယ်
  11. သကြား - ထမင်းစားဇွန်း တဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၃ဇွန်းခန့်

ကော်ရည်ဖျော်ရန်
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တ၀က်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ - လက်ဖက်ရည်အကြမ်းပန်ကန်လုံး ၂လုံးစာ (အားလုံးကို ပျော်သွားအောင် ဖျော်ထားပါ)

ပြင်ဆင်ပုံ

  • နာနတ်သီးကို ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး လေးစိတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်၂လုံးလောက်အနေ ခပ်ကြမ်းကြမ်းထူထူလေး လှီးထားပေးပါ
  • ဂေါ်ဖီ ပဲတောင့်ရှည် နှင့် မုံလာဥနီတို့ကို ရေဆေးပြီး သင့်သလို လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပီးဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ပန်းငရုတ်ပွကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဟင်းချက်ရန် လိုအပ်မည့် ပစ္စည်းများ ပြင်ထားပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း ၃ဇွန်းကိုထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ လှီးထားသော ဂေါ်ဖီ  ပန်းငရုတ်ပွ မုံလာဥနီ ကြက်သွန်နီစသည့် အသီးအရွက်များကို အနည်းငယ် နွမ်းအောင်ကြော်ထားပါ
  • ပြီးတာနဲ့ ဆား သကြား ပဲငံပြာရည်အကြည် စသည့် အရသာများကို ခပ်မြန်မြန်လေး ထည့်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော နာနတ်သီးကို ထည့်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပေးကာ ကော်ရည်ပျစ်အောင် မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သွန်မိတ်ကိုထည့်ကာ မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • စားပွဲပြင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပြီး နာနတ်သီး အစိမ်းကြော် ပူပူလူလူလေး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment