Thursday 2 August 2018

ပုဇွန် ငရုတ်သီးစိမ်းထောင်း







ဒီတခါတော့ ငရုတ်သီးစိမ်း အစပ်သီးလေးတွေကို စပ်ရှားနေအောင်ထောင်းပြီး ပုဇွန်လှော်နဲ့ တွဲဖက်ပြီး ရှူးရှူးရှဲရှဲ စားဖို့အတွက် ထောင်းနည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငရုတ်သီးစိမ်း - တစ်ဆယ်သား
  2. သံပုရာသီး - တစ်လုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • အညှာခြွေထားသော ငရုတ်သီးစိမ်းကို ဒယ်အိုးတလုံးထဲမှာထည့်ပြီး ကျက်အောင် လှော်ပေးပါ
  • ငရုတ်ဆုံထဲမှာ လှော်ထားသော ငရုတ်သီးစိမ်းကို မညက်တညက် ထောင်းပေးပါ
  • ပြီးတာနဲ့ ဆားနှင့် အချိုမှုန့်တို့ထည့်ကာ ငရုတ်သီးလှော်ကို လုံးခြမ်းကွဲ အနေအထားရအောင် ထောင်းပေးပါ
  • ငရူတ်သီးစိမ်းကို ထောင်းတဲ့အခါမှာ ပူတတ်တဲ့အတွက် လက်အိတ်ဝတ်ပြီး ထောင်းပေးပါ
  • အားလုံးထောင်းပြီးတာနဲ့ အချိုအငံအတွက် အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပါ
  • စားခါနီးမှ သံပုရာရည် လတ်လတ်ဆတ်ဆတ် ညှစ်ပေးကာ ငရုတ်သီးထောင်း သံပုရာရည်ဆမ်း ချဉ်ငံစပ်မွှေးမွှေးလေးကို ပုဇွန်လှော်နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment