Sunday, 12 August 2018

မျှစ်ဆန်လျှေ်ဟင်း













အေးရှန်းဆိုင်ကို လိုချင်တာလေးတွေ သွားဝယ်ရင်း မျှစ်အကြွတ်လေးတွေ ရလာခဲ့ပါတယ် တာလပေါ့ချက်ရင်ဘဲဖြစ်ဖြစ် အစပ်ဟင်းလေးတွေ ချက်ရင်ဘဲ ဖြစ်ဖြစ် အရမ်းကို အဆင်ပြေတဲ့ မျှစ်လေးတွေပါ။

ဒီတခါတော့ အဲဒီမျှစ်အကြွတ်လေးတွေနဲ့ မျှစ်ဆန်လှော်ဟင်းလေး ချက်မိတဲ့အတွက် အာပူလျှာပူ ပူလောင်စပ်နေတဲ့ မျှစ်ဆန်လှော်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မျှစ်ကြွတ် - ၅ခု
  • ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ပုဇွန်ငါးပိ - ကွမ်းသီးဆံလုံးလောက်
  • ကြက်သွန်နီ - အနေတော် တဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂ မွှာ
  • ငရုတ်​သီးစိမ်း အစပ်​​တောင့့် - စားနိုင်ငလောက်
  • ငရုတ်သီးအခြောက်တောင့် - စားနိုင်သလောက် (ဟင်းအိုးအုပ်ရန် )
  • ငရုတ်သီးအခြောက်တောင့် - ၆တောင့်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း

ပြင်ဆင်ပုံ
  • မျှစ်ကို ရေဆေးပြီး ပုံပါအတိုင်း လေးစိတ်စိတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြိး ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ
  • ကြက်သွန်ဖြုကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ငရုတ်သီးအခြောက်တောင့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်​ပါးပါး လှီးထား​ပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ပုဇွန်ငါးပိကို ရေအနည်းငယ်နှင့်ဖျော်ထားပါ
  • ဆန်လှော်မှုန့်ကိုလဲ ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ဆီ နနွင်းမှုန့် ဆား အရသာမှုန့် ငါးငံပြာရည်တို့ကို ပြင်ထားပါ
ဟင်းချက်ရန်
  • အိုးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  • နနွင်းမှုန့် ထည့်ပြီးတာနဲ့ ငရုတ်သီးထောင်းနှင့် ငရုတ်သီး အခြောက်တောင့်တို့ကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ငရုတ်သီး ဆီသတ်ကို ဘေးခနတွန်းထားကာ မျှစ်ကိုထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့မျှစ် အရသာမှုန့် ဆား ငံပြာရည်တို့ကို တခါထဲ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကို ​ရေမြုပ်​​အောင်​ထည့်​ကာ အဖုံးအုပ်​ပြီး တည်​​ပေးပါ
  • ​ရေဆူပြီး မျှစ်မနူးသေးခင် ရေမခမ်းခင် ဆန်လှော်မှုန့် အရည်ဖော်နှင့်​ ပုဇွန်ငါးပိအရည်ဖျော်ကို ထည့်ပေးပါ 
  • ပြီးတာနဲ့ မျှစ်နူးစေရန် မျှစ်ကို ရေမြုပ်အောင်ထည့်ပြီး တခါဆက်တည်ပေးပါ
  • နောက်တကြိမ် ထည့်ထားသော ရေမခမ်းခင် အရသာမြည်းပေးပါ
  •  လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး ဆန်လှော်မှုန့် အနံ့မွှေးနေတဲ့ စပ်စပ်မွှေးမွှေး စိမ့်စိမ့်လေးကို စားသုံးရန်​ စားပွဲပြင်​ပေးနိုင်​ပါပြီ။

No comments:

Post a Comment