Monday, 6 August 2018

ယိုးဒယားငါးပိ ထမင်းကြော်



တခါတလေ စိတ်ပြောင်း စိတ်လွဲလေး ဖြစ်ရလေအောင် ဒီနေ့တော့ ယိုးဒယားငါးပိ ထမင်းကြော်လေး ကြော်ပါတယ် အမြဲတမ်း စားရတာ မနှစ်သက်လှပေမဲ့ တခါတလေတော့ ကောင်းပါတယ်။


ပါဝင်ပစ္စည်းများ

  • ချက်ပြီးသား ထမင်းဖြူ - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် တလုံးစာ
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဝက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၁ ဇွန်း 
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း 
  • ကြက်သွန်နီ - အနေတော် ၁ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ 
  • ပုစွန်ခြောက် အကောင်သေးသေး - ၁၅ကောင်ခန့်
  • ချင်း - လက်တဆစ်ခန့်
  • ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ

  • ထမင်းဖြူကို ခပ်မာမာလေးချက်ပြီး အအေးခံထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ပုဇွန်ခြောက်ကို ဆီထမင်းစားဇွန်း တဇွန်းလောက်ထည့်ပြီး အကောင်လိုက် ကြွတ်အောင် ကြော်ထားပါ
  • ချင်းကို ခပ်သေးသေးလေးတွေ လှီးထားပါ
  • မိမိနှစ်သက်သော အသီးအရွက်မျာကို ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီကိုထည့်ကာ လှီးထားသောကြက်သွန်နီ ခပ်နုတ်နုတ် လှီးထားသော  ကြက်သွန်ဖြူတစ်ဝက်နှင့်  ချင်းတို့ကို ထည့်ကာထည့်ကြော်ပါ 
  • ကြော်နေစဉ် ငါးငံပြာရည် သကြား ပဲငံပြာရည် အနောက်ရည်တို့ထည့်ပြီး ကြော်ပေးပါ 
  • ဆီသတ်ထားဒယ်အိုးထဲမှာ ပုဇွန်ငါးပိကို မွနေအောင် မွှေကြော် ကြော်ပေးပါ 
  • ပုဇွန်ငါးပိ မွလာတာနဲ့နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ တစ်ဝက်ကို ထည့်ကြော်ပေးပါ 
  • ကြက်သွန်ဖြူနံ့ မွှေးလာပြီဆိုတော့မှ ထမင်းကို ထည့်ကြော်ပေးပါ 
  • ထမင်းနှင့် ငါးပိကြော်များ သမသွားပြီဆိုတော့မှ ကြော်ထားသော ပုဇွန်ခြောက် ငါးငံပြာရည် ပာင်းခတ်မှုန့် တို့ကိုထည့်မွှေကာ ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပါ
  • ထမင်းကြော်ချိန်ကို အရမ်းမကြာအောင် သတိပြုပေးပါ
  • တမင်းကြော် ရပြီဆိုတာနဲ့ ထမင်းကြော်ကို မိမိနှစ်သက်ရာ ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • ယိုးဒယား ငါးပိထမင်းကြော်ပွဲ ပြင်ဆင်ရန် မိမိနှစ်သက်ရာ အသီးအရွက်များ အားလုံးကို ပန်းကန်ပြား တချပ်ပေါ်မှာ ထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment