Wednesday 22 August 2018

ကြက်သွန်နီ ဆီချက်ချက်နည်း














Facebook မှာ ခင်ကြတဲ့ သမီးလေးတွေက တီမာရေ သမီးလေ ကြက်သွန်နီဆီချက် ချက်တိုင်း အဆင်မပြေလို့ ချက်နည်းလေး ပြောပြပါဆိုပြီး လာလာမေးကြပါတယ်။

သူတို့မေးမယ်ဆိုလဲ မေးသင့်ပါတယ် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးမှုန့်တွေနဲ့ ချက်ကြတဲ့ ဆီချက်တွေက လွယ်မယောင်နဲ့ ခက်တတ်ပါတယ်။

ကြက်သွန်ကို ဘယ်လိုလှီးရမယ် ရေကိုဘယ်အချိန်မှာ ဆေးရမယ် ကြက်သွန်ကို ဘယ်အချိန်မှာ ဆယ်ရမယ် စသည်ဖြင့် တိုင်းစ တတ်ရပါတယ်။

ဒါကြောင့်မို့လို့ လွယ်မယောင် ထင်ရတဲ့ဆီချက် ချက်နည်းလေးတွေထဲက ဒီတစ်ခါတော့ ကြက်သွန်နီ ဆီချက်ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သွန်နီ - အနေတော် သုံးလုံး
  2. ဆီ - လီတာဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးပါ
  • ရေဆေးပြီးတာနဲ့ ကြက်သွန်နီကို ထက်ဝက်ခြမ်းပြီး ခပ်ပါးပါး လှီးပေးပါ
  • လှီးပြီးတာနဲ့ ကြက်သွန်နီများကို ခပ်ဖွဖွလေး ချေပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ သင့်တော်မဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန်အတွက် မကြာမကြာ မွှေပေးပါ
  • မီးအားပြင်းပြင်းနဲ့ ၆မိနစ်လောက် ကြော်ပြီးတာနဲ့ မီးကိုပိတ်ပေးပါ
  • ပိတ်ထားတဲ့ မီးဖိုပေါ်မှာ ကြက်သွန်နီကို နီရောင်လေး သန်းလာအောင် ဆက်ကြော်ပေးပါ
  • နီရောင်လေး သန်းလာတာနဲ့ ခပ်မြန်မြန်လေးဆယ်ပြီး ဆီစစ်ဇကာထဲမှာထည့်ပြီး ဆီစစ်ရင်း အေအးခံ ထားပေးပါ
  • ဆီအိုးကိုလဲ မီးဖိုပေါ်မှ ဖယ်ပေးကာ ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပေးပြီး အေအးခံ ထားပေးပါ
  • အအေးခံထားသော ဆီရောကြက်သွန်ကြော်ပါ အေးသွားပါက ပန်းကန်ထဲမှာ နှစ်မျိုးလုံးရောပြီး ထည့်ပေးပါ
  • ကြွတ်ပြီးမွှေးနေတဲ့ ကြက်သွန်နီဆီချက် မွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ရန် ရပါပြီ။

No comments:

Post a Comment