Friday 9 June 2017

ကြက်သားလုံး သခွားသီးကြော်ချက်






ထမင်းဝိုင်းမှာ အရည်သောက်လေးပါမှ ထမင်းစားလို့ကောင်းပါတယ် ဒါကြောင့်မို့ ဒီနေ့တော့ ငါးဆားနယ်ကြော်ကို ငရုတ်သီးစပ်စပ်နဲ့ကြော်ပြီး ငါးဆားနယ်ကြော်နဲ့ လိုက်ဖက်လွန်းတဲ့ သခွားသီးကြော်ချက် တစ်မယ်ချက်လိုက်ပါတယ် စားချင့်စဖွယ် စားမြိန်အရည်သောက် ဟင်းလေးမို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး - ခပ်ကြီးကြီး တစ်လုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ကြက်သားလုံးလုပ်ရန်
  • ကြက်ကြိတ်သား 100 g 
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
  • ပြောင်းကော်မှုန့် ထမင်းစားဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကိုအခွံခွာပြီး ရေဆေးကာ ပြင်ထားပါ
  • ကြက်ကြိတ်သားကို ဆား အရသာမှုန့် ပြောင်းကော်မှုန့်တို့နဲ့ နယ်ထားပေးပါ
  • ကြက်ကြိတ်သားကို အရသာနယ်ပြီး အနေတော် အလုံးလေးတွေ လုံးထားပါ
  • အိုးတစ်လုံးထဲမှာ သခွားသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆီ ဆား အရသာမှုန့် နနွင်းမှုန့်နှင့် ရေအနည်းငယ်တို့ကိုထည့်ကာ ဟင်းလုံးမိအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး သုံးမိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ကြက်သားလုံးများကို ထည့်ပြီး ၃မိနစ်လောက် အဖုံးအုပ်ပြီး တည်ထားပါ
  • ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်တစ်လုံးခွဲစာ ထည့်ပြီး ဆူအောင်တည်ပါ
  • ဟင်းရည်ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့်ခပ်ပြီး သခွားသီးကြော်ချက်ကို ဟင်းပွဲပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment