Wednesday 7 June 2017

ဂုံးဟင်းချဉ်စပ်


ဒီနေ့တော့ ဂုံးကို ချဉ်စပ်လေး ချက်ဖြစ်ပါတယ် မြန်မာပြည်က ဂုံးတွေလောက်တော့ မမွှေးပေမဲ့ အသားပိုများပြီး နူးညံ့ပါတယ် ချက်ရတာမြန်ပြီး စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အခွံပါသော New Zealand green-shell mussel - တစ်ကီလိုခွဲ
  2. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ညက်နေအောင် ထောင်းထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း တစ် ဇွန်း
  4. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - ထမင်းစားဇွန်း ၃ ဇွန်းခန့်
  6. Tomato sauce - ထမင်းစားဇွန်း ၇ ဇွန်း
  7. ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ရေ - ဟင်းခပ်ဇွန်းကြီး တစ် ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ဂုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အနေတော်အိုးကို အပူပေးကာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပါ
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးအရောင်တင်မှုန့် ငရုတ်သီးသီးစိမ်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ ခရမ်းချဉ်သီးများကို ထည့်ပြီးဆီသတ်ပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ ရေစစ်ထားသော ဂုံးများ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဂုံးများကျက်လာတာနဲ့ အရသာမြည်ပြီး လိုသလို ပြင်ပေးကာ ရေမခမ်းခင် မီးပိတ်ပေးပါ
  • အနံ့အရသာနှင့် ပြည့်စုံလှသော ခရမ်းချဉ်သီး အရည်စပ်ကျဉ်းလေးနှင့် ဂုံးချဉ်စပ်လေး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment