Wednesday 28 June 2017

ကြက်သားကော်ရည်ဆမ်း အချိုချက် (တရုတ်စတိုင်လ်)


တရုတ်ဟင်းလျာ စားဖွယ်ရာ တမျိုးဖြစ်ပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကြက်သားကော်ရည်ဆမ်း အချိုချက်နည်းလေး ချက်ဖြစ်တာနဲ့ မျှဝေလိုက်ပါတယ်။

သကြားကို နီညိုရောင်သန်းလာအောင် ကြော်ပြီးမှ ကြက်သားကိုထည့်ပြီး လုံးချက် ချက်ပေးရပါတယ် သကြားကြော်ချိန်မှာလဲ အပွင့်သေးတဲ့ သကြားကို မသုံးဘဲ အပွင့်ကြီးတဲ့ သကြားကို သုံးစေချင်ပါတယ် အပွင့်သေးတဲ့ သကြားကိုသုံးရင် သကြားဆီသတ်ချိန်မှာ ခနလေးပျော်ပြီး အရောင်မည်းသွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 200g
  • ကြက်သွန်နီ - အနေတော် ၂ဥ
  • ကြက်သွန်ဖြူ - ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • သကြား - ထမင်းစားဇွန်း တဇွနနး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - အနည်းသယ်
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပြီး ဆား နနွင်းမှုန့် ထောင်းထားသော ကြက်သွန်ဖြူတို့နဲ့ အရသာဝင်အောင် နယ်ထားပြီး မိနစ်၂၀လောက် နှပ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ( ကြက်သားနှပ်ထဲ ထည့်ရန်)
  3. ကြက်သွန်နီနှစ်လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ တလုံးကို ၈စိတ်စိတ်ထားပါ
  4. အလုံးသေးသော ကြက်သွန်နီကို သုံးပါက အလုံးလိုက် ထည့်ချက်ပါ
  5. ကော်မှုန့်ကို ရေအနည်းငယ်နှင့်ဖျော်ထားပါ
  6. ကျန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ

  1. ဇောက်အနည်းငယ်နက်သော ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် သကြားများထည့်ကာ သကြားနီညှိရောင်သန်း လာသည်အထိ ကြော်ပေးပါ။
  2. သကြားကြော်နေစဉ် အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  3. သကြား နီညှိရောင်သန်းလာတာနဲ့ နှပ်ထားသော ကြက်သားများကို ထည့်ကာ ၃မိနစ်ခန့် လုံးချက်ပေးပါ
  4. လုံးချက်လေးရတာနဲ့ ဒယ်အိုးထဲ ကြပ်သားမြုပ်အောင် ရေထည့်ကာ အဖုံးအုပ်ကာ ချက်ပေးပါ
  5. ရေမခမ်းခင် အဖတ်လေးများရအောင် စိတ်ထားသော ကြက်သွန်နီကို ထည့်ချက်ပေးပါ
  6. ကြက်သွန်နီများ အရမ်းမနူးခင် ရေဖျော်ထားသော ကော်ရည်ကိုထည့်ကာ ပြစ်လာအောင် မွှေပေးပါ
  7. ရေခမ်းပြီး  ကော်ရည်ပြစ်လာပြီဆိုတာနဲ့ မီးပိတ်ပေးပြီး ကြက်သားကော်ရည်ချက် မွှေးမွှေးလေးကို ဟင်းပူတုန်း စားသုံးရန် စားပွဲပြင်နိုင်ပါပြီ။


No comments:

Post a Comment