Tuesday, 6 June 2017

ဝက်သား ချိုချဉ်ကြော်


ထမင်းမိန်စေမဲ့ ၀က်သားချိုချဉ်ကြော်လေး ကြော်ပါတယ် စားမိန်ဟင်းလေးဖြစ်ပြီး ဟင်းတမယ်ထဲနဲ့ ထမင်းမိန်စေတဲ့အတွက် ကြော်စားနိုင်အောင် ချိုချဉ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ၀က်သား - 200g
  • ကြက်သွန်နီ - ၁ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ပန်းငရုတ်ပွ အနီရောင် - ၁ခြမ်း
  • ပန်းငရုတ်ပွ အ၀ါရောင် - တခြမ်း
  • ပန်းငရုတ်ပွ အစိမ်းရောင် - တခြမ်း
  • မုံလာဥနီ အနေတော် တဥ
  • ခရမ်းချဉ်သီး - အနေတော် ၁လုံး
  • ပဲတောင့်ရှည် - ၃တောင့်
  • နာနာတ်သီး - ၁စိတ်
  • ပန်းဂေါ်ဖီ - အနေတော် ၃ခက်
  • ချင်း - အနည်းငယ်
  • ကြက်သွန်မြိတ် - ၃ပင်ခန့်
  • ချိုချဉ်ဆော့စ်ရည် - ၃ဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • နာနတ်သီးအရည် - ထမင်းစားဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တ၀က်
  • နာနတ်သီးအရည် - ထမင်းစားဇွန်း ၃ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ချိုချဉ်ကြော်ရန်)
  • ဆီ - လိုသလောက် (၀က်သားကြော်ရန်)
  • ဂျုံမှုန့် - ထမင်းစားဇွန်း ၃ဇွန်းခန့်
  • ကြက်ဥ - တလုံး


ချိုချဉ်ဆော့စ်ရည်လုပ်နည်း


  • ခရမ်းချဉ်သီးဆော့စ် - ၃ဇွန်း
  • သကြား -၂ဇွန်း
  • သဘာဝနာနတ်သီးအရည် - ၃ဇွန်း
  • ပဲငံပြာရည် - ၁ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း ဇွန်းတဝက်
  • ရေ - လက်ဖက်ရည်ပန်းကန်လုံး တလုံးစာ
  • ဆား - အနည်းငယ် (အထက်ပါ ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ဆော့စ်ရည်အဖြစ် ကျိုထားပါ)
ပြင်ဆင်ပုံ
  • ၀က်သားကို အနေတော်အတုံးလေးတွေတုံးပြီး ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ် နယ်ထားပေးပါ
  • ကြက်ဥကို ခလောက်ထားပါ
  • ဂျုံမှုန့်ကို ပြင်ထားပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော် လှီးထားပါ
  • ချင်းကိုလဲ အခွံခွာကာ အမျှင်လေးတွေရအောင် လှီးထားပါ
  • ကြက်သွန်မြိတ်ကို ၁လက္မအရွယ် ပိုင်းဖြတ်ထားပါ
  • အရသာနယ်ထားသော ၀က်သားကို ကြေအောင်ခေါက်ထားတဲ့ ကြက်ဥအရည်ထဲနှစ်ပြီး ဂျုံမှုန့်တွေထဲမှာ ကပ်လူးပေးပါ
  • ဂျုံမှုန့်ကပ်ထားသော ၀က်သားကို ဆီပူပူမှာ ရွှေရောင်ရအောင်ကြော်ယူပြီး ဆီစစ်ထားပါ
  • အခြားဒယ်အိုးတစ်လုံးကို ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းမျှင်လေးတွေကို ဆီသတ်ပြီး အသီးအရွက်များကို ထည့်ကြော်ပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ဆယ်ထားသော ကြက်သားကြော်များ ထည့်ပေးပါ
  • ပြီးတာနဲ့ ချိုချဉ်ဆော့စ်ရည် လောင်းထည့်ပြီး မွှေပေးပါ
  • အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်သွန်မြိတ်ထည့်ပြီး မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အလွန်စားကောင်းလို့ကောင်းတဲ့ ၀က်သားချိုချဉ်ကြော်လေး ရပါပြီ။
  • ၀က်သားမစားပါက ကြက်သားအစားထိုးပြီး ကြော်နိုင်သလို အချိုမှုန့် မစားပါက ကြက်သားမှုန့် သကြားတို့တို့ကို အစားထိုးပြီး ကြော်ပေးပါ။

No comments:

Post a Comment