Monday, 5 June 2017

ချဉ်ပေါင်ကြော်



အိမ်ပြောင်းတော့မယ်ဆိုတော့ ရှိတာတွေ အကုန်ရှင်းက လက်ကျန်ချဉ်ပေါင်ရွက် ခဲထားတာလေးကို ဒီနေ့တော့ ကြော်ပလိုက်ပါပြီ စားမိန်ဟင်းလေး တခွက်အတွက် ချဉ်ပေါင်ကြော် မကြာမကြာ ကြော်ဖြစ်တဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ချဉ်ပေါင်အနီ - ဇကာအလတ် တ၀က်သာသာ
  • ပြုပ်ပြီး ခပ်ပါးပါးလှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တလုံးစာ
  • ပုဇွန်ထုတ် - ၁၀ကောင် အခွံခြွတ် ခေါင်းဖြုတ်ထားပါ
  • ပုဇွန်ငပိ အကောင်းစား - ထမင်းစားဇွန်း တဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တလုံး
  • အနေတော်စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ငပိကို တမိနစ်လောက်ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့. ပုဇွန်ထုတ်ကို ထည့်ကြော်ပါ
  • ပုဇွန်ထုတ် ကျက်တာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ရွက် ကျေလာတာနဲ့မျှစ်ကို ထည့်ကြော်ပါ 
  • မျှစ်ထည့်ပြီးတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ထည့်ပြီး သမအောင်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ ချဉ်ပေါင်ကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment