Sunday 4 March 2018

သခွားသီးထောင်း







သခွားသီးသုပ်ဟေ့ ဆိုလိုက်ရင် ချဉ်ငံစပ်ပြီး ငါးငပိရည်ကျိုနံ့လေး မွှေးနေမှ စားလို့ကောင်းတာမျိုးပါ သခွားသီထောင်းသုပ်ထဲ ငါးပိရည်ကျိုလေးက အဓိက ပါရတာမို့လို့ အိမ်မှာငါးငပိရည် ကျိုပြီဟေ့လို့ဆိုရင် သခွားသီးထောင်းသုပ်လေးက အဖော်အဖြစ် ပါလာတတ်ပြန်တာပါဘဲ။

ဒါကြောင့်မို့ ဒီနေ့တော့ အရမ်းစားလို့ ကောင်းလွန်းတဲ့ မာမာပြင်ဆင်ပြီး သခွားသီးထောင်းသုပ် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး - အနေတော် တစ်လုံး
  2. ဆားအနည်းငယ် ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် ပြုပ်ထားသော ဘာဆာငါး - တစ်တုံး
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  5. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်သလောက်ထဲ့ပါ)
  6. ငါးငပိရည်ကျိုပြီးသား - ထမင်းစားဇွန်း ၂ဇွန်း
  7. ပင်စိမ်းရွက် - အနည်းငယ်
  8. ဆား - အနည်းငယ်
  9. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း (မထည့်လဲရ)

ပြင်ဆင်ပုံ
  • သခွားသီးကို ရေစင်အောင်ဆေးပြီး ထက်ဝက်ခြမ်းပေးကာ မိမိအဆင်ပြေသလို အရင်ခြစ်ပေးထားပါ
  • ပြုပ်ထားသော ဘာဆာငါးကို ခပ်မွမွ ချေပေးထားပါ
  • ငရုတ်သီးကို မွှေးအောင်လှော်ပြီး ညက်အောင်ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးပြီး ရေတထပ် ထပ်ဆေးထားပေးပါ
  • ငါးပိကိုဆား နနွင်းနှင့် ရေသင့်ရုံ ထည့်ပေးပြီး ပွက်ပွက်ဆူအောင် ကျိုထားပေးပါ
  • ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ
  • ငရုတ်ဆုံ ကြီးကြီးထဲမှာ သခွားသီး ခြစ်ပြီးသား ငါးပိရည်ကျို ဆား ငါးပြုပ် ကြက်သွန်နီ ပင်စိမ်းရွက် ငရုတ်သီးစိမ်းထောင်း သံပုရာရည်ညှစ် ဆီချက်တို့ထည့်ပြီး သမအောင် ခပ်ဖွဖွ ထောင်းနယ်လေး နယ်ပေးပါ
  • အစပ်ကြောက်ပါက ငရုတ်သီးလျော့ထည့်ကာ အားလုံးသမအောင် ခပ်ဖွဖွ ထောင်းနယ်လေး နယ်ပြီးပါက အရသာမြည်းပြီး ချဉ်ငံစပ်အရသာကို လိုသလို ပြင်ပေးကာ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ သခွားသီးထောင်းသုပ်ကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment