Wednesday 28 February 2018

Chicken cakes







ကြက်ရင်ပုံသားတွေ ဝယ်ထားပြီး ဘာချက်ရမလဲ ထိုင်စဉ်းစားနေတာ တစ်မနက်လောက် အချိန်ကုန်သွားပါလေရော နောက်ဆုံးတော့ ကြက်သားတုံးကို ဗလင်ဒါထဲ ထည့်ကြိတ်ပြီး  အသီးအရွက်လေးတွေရောကာ ကြော်ဖြစ်သွားတာမို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 500 g
  2. သံပုရာရည် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  3. နှမ်းဆီမွှး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်မိတ် - အပင်ကြီး တစ်ပင်
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဂေါ်ဖီ - အဖတ်ကြီးကြီး နှစ်ဖတ်
  8. မုံလာဥနီ - တစ်ဥ
  9. corn flour - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
  11. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လးပုံ​​တစ်ပုံ 
  13. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ခပ်သေးသေးလေးတွေတုံးပြီး ဗလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ဂေါ်ဖီကိုရေဆေးပြီး ခပ်ပါးပါး ရိတ်ရိတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပါ
  • မုံလာဥကို ရေဆေးပြီး အခွံခွာကာ ခပ်ပါးပါးလေးတွေ ရအောင်ခြစ်ပေးပါ
  • Corn flour , သံပုရာရည် ဆား သံလွင်ဆီ ငရုတ်ကောင်းမှုန့် အရသာမှုန့် ဆား နနွင်းမှုန့်တို့ကိုပြင်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ရောနယ်ပေးပါ

ကြက်သားဆုတ်လုံးကြော်ရန်
  • ကြက်ကြိတ်သား အရသာနယ်ပြီးသားကို အရင်ဆုံး လက်ကိုရေဆွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ကြက်သားကုန်တဲ့အထိ တစ်လုံးခြင်း ပုံပါအတိုင်း ဆုတ်ပေးပါ
  • ဒယ်အိုးတစ်လုံးကို အပူပေးပါ အိုးပူမှ ဆီကိုထည့်ပြီး အငွေ့တက်လာတာနဲ့ မီးကို အနေတော် လျှော့ပေးပါ
  • ဆီအိုးထဲ မထည့်ခင် လက်ကိုရေဆွတ်၍ ဆီအိုးနဲ့ ဝေးရာဘေစင်ထဲမှာ လက်ကိုရေခါပြီးမှ ဆုတ်ထားသော ကြက်သားဆုတ်ကို ငါးချက်လောက် ခပ်ဖွဖွလေး ထပ်ဆုတ်ပြီးမှ ဆီအိုးထဲကို ထည့်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ကြက်သားဆုတ်လုံးကို တစ်ဖက်ပြီးတစ်ဖက် လှည့်ပေးပါ
  • တစ်ခုလုံး ရွှေအိုရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ကာ အအေးခံထားပါ
  • မွှေးပြီး အရသာရှိတဲ့ ကြက်သားဆုတ်လုံးကြော် (chicken cakes )ကို နှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

No comments:

Post a Comment