ဒီနေ့တော့ မိုးလေးတဖွဲဖွဲနဲ့ လွမ်းနေမိတာက ကိုယ့်မွေးရပ်မြေ ကိုယ့်ဇာတိလေးပါဘဲ ရွာမှာမွေး ရွာမှာကြီးဆိုတော့ ရွာဓလေ့ အစားအသောက်ကအစ မေ့မရခဲ့ဘဲ ဒီနေ့ထိလဲ စွဲလန်းနေတုံးပါဘဲ။
သိတတ်စအရွယ် ခပ်ငယ်ခယ်ထဲက မိုးရွာရင် စိုစိစိနဲ့မို့လို့ ဈေးသွားရမှာ အင်မတန် ပျင်းပါတယ် အိမ်မှာရှိတာတွေယူပြီး ကြီးကြီးနဲ့အတူတူ ဟင်းပွဲလေးတွေ ဖြစ်အောင် ဖန်တီးတာကို သတိရမိပါသေးတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တော့ ပဲနီပြားပြုပ်ပြီးသားကို ချင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့နဲ့ ကြော့်နှပ် နှပ်ကာ ငါးပိရည်နဲ့နယ်ပြီး ကြက်အသည်းအမြစ် ဟင်းလေးနဲ့ တွဲဖက်ပြီး စားကြဖို့ လွယ်ကူမြန်ဆန် ပဲနီပြားနှပ်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Ready made red beans - တစ်ဗူး
- ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ချင်း - လက်တစ်ဆစ်သာသာ
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ပဲဗူးကို ဖောက်ပေးပြီး ရေဆေးကာ ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး အနေတော် လှီးထားပါ
- ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး အနေတော် လှီးထားပါ
- ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ဆီကို အပူပေးပြီး ဆီပူလာပါက နနွင်းအနည်းငယ် ထည့်ပေးပါ
- ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ပျော့လာတဲ့ထိ ကြော်ပေးပါ
- ကြော်ထားသော ကြက်သွန်များထဲကို ပဲနှင့် ဆား တခါထဲ ထည့်ကြော်ပေးပါ
- အားလုံးသမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ပြီးထာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ ပဲနီပြားနှပ် စိမ့်စိမ့်လေးကို မိမိနှစ်သက်သော ဟင်းတို့နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment