ပါဝင်ပစ္စည်းများ
- ဗုံလုံသီး - ခပ်ကြီးကြီး နှစ်တောင့်
- ကြက်ပေါင် - တစ်ခု
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြက်သားပြုပ်ရန်
- ကြက်ပေါင်
- ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သားကို အရသာနယ်ပြီး ရေမြုပ်အောင်ထည့်ပေးပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
- ရေခမ်းတာနဲ့ အသားထွင်ပေးထားပါ
ပြင်ဆင်ပုံ
- ဗုံလုံသီးကို အပေါ်ယံ အဖြူရောင် အမှေးအခွံများခွာပြီး အနေတော် ပိုင်းဖြတ်ကာ ထက်ဝက်ခြမ်းပေးပါ
- အထဲမှ ရင့်နေသော အစေ့များနှင့် မလိုသော အမျှင်များ ဖယ်ပေးကာ ပုံပါအတိုင်း လှီးထားပါ
- အစေ့များ နုနေသေးရင်တော့ မဖယ်ဘဲ ဒီအတိုင်း လှီးပေးပါ
- ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်နီကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သားပြုပ်ကို ပြင်ထားပေးပါ
- အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး နနွင်းမှုန့်ထည့်ကာ အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို ပျော့သွားတယ် ဆိုရုံလေး ကြော်လိုက်ပါ
- ပြီးတာနဲ့ ပြုပ်ထားသော ကြက်သားကို ထည့်မွှေပါ
- အားလုံးသမသွားပြီ ဆိုတာနဲ့ လှီးထားသော ဗုံလုံသီး ဆား အရသာမှုန့်နှင့် ရေအနည်းငယ်တို့ကိုထည့်ကာ ဟင်းလုံးမိအောင် တည်ပေးပါ
- လုံးရေပွက်ပွက်ဆူလာပြီး ၂မိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ မိမိနှစ်သက်သလောက် ရေကို ထည့်ပြီး ၃မိနစ်လောက် အဖုံးမအုပ်ဘဲ တည်ပေးထားပါ
- ဟင်းရည်ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ဗုံလုံသီးကြော်ချက် ချိုချိုလေးကို ဟင်းပွဲပြင်ပေးပါ။
No comments:
Post a Comment