ဒီနေ့တော့ အဝေးမှာ ကျောင်းတက်ဖို့ ရောက်နေတဲ့ သမီးငယ်လေးအတွက် ကြာကြာအထားခံပြီး စားလို့ကောင်းစေတဲ့ ငါးခြောက်အစပ်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ငါးခြောက် – 1000 g
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
- ငံပြာရည် - ထမင်းစားဇွန်းဇွန်း နှစ်ဇွန်း
- ဆီ - ဟင်းခတ်ဇွန်းကြီး ၈ဇွန်းခန့်
- ရေ - လိုသလောက်
ပြင်ဆင်ပုံ
- ငါးခြောက်ကို ရေဆေးပြီး အမြှောင်းလေးတွေ လှီးပေးထားပါ
- နနွင်းမှုန့် ငရုတ်သီး လုံးခြမ်းကွဲ အရသာမှုန့်နှင့် ငံပြာရည်တို့ကို ပြင်ထားပါ
- ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခြောက်နှင့် ရေထည့်၍ အဖုံးဖုံးကာ မီးအနေတော်နဲ့ တည်ထားပေးပါ
- ငါးခြောက်ပြုပ်ထားသောအိုး တည်ထားစဉ် ရေဆူလာတဲ့အခါ ရေများဝေကျတတ်တဲ့တွက် အဖုံးကို ခပ်စောင်းစောင်းလေး ဟထားပေးပါ
- ငါးခြောက်များ နူးလွယ်ပြီး အကျက်ညီစေရန်၂ခါသုံးခါလောက် လှန်ပေးပါ
- ရေတ၀က်လောက် ခမ်းသွားတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီး နူးတဲ့အထိ တည်ပေးထားပါ
- ရေမခမ်းခင် ငါးခြောက်များ နူး မနူးစမ်းပေးပါ
- မနူးသေးပါက နူးတဲ့အထိ ရေထပ်ထည့်ကာ ပြုပ်ပေးပါ
- ငါးခြောက်များ နူးလာပါက ပြုပ်ထားသော ရေများသွန်ပြီး ရေဆေးပေးပြီး ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ အသားများကို အအေးခံပေးထားပါ
- အသားများ အေးသွားတာနဲ့ အရိုးအသား သတ်သတ်စီ ထွင်ပေးပါ
- မလိုသော အရိုးများကို လွှင့်ပြစ်ပြီး အသားများကို ဘလင်ဒါထဲ ထည့်ကြိတ်ပေးပါ
- ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထည့်ထောင်းပေးပြီး အသားများကို မွှထားပါ
- ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ကာ မီးအနေတော်နှင့် အပူပေးပါ
- မီးအရမ်း မပြင်းအောင် သတိထားပြီး ဆီပူလာတာနဲ့ ကြိတ်ထားသော ငါးခြောက်မှုန့်ကို ထည့်ကြော်ပေးပါ
- ငါးခြောက်မှုန့်များ ကြွတ်ပြီးရွလာတာနဲ့ ငံပြာရည် ငရုတ်သီးလုံးခြမ်းကွဲနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးကာ မီးပိတ်ပေးပြီး လက်ကျန်အပူရှိန်ဖြင့် မီးဖိုပေါ်မှာ ဆက်ကြော်ပေးပါ
- ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြွတ်ရွပြီး မွှေးနေတဲ့ ငါးခြောက်ကြော်ကို ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်ပြီဆိုတာနဲ့ မွှေးပြီးချိုနေသော ငါးခြောက်အစပ်အမွကြော်ကို နှစ်သက်သလို စားနိူင်အောင် ပြင်ဆင်နိူင်ပါပြီ။
No comments:
Post a Comment