Friday 23 March 2018

ပိန္နဲသီးထောင်း







အခုရက်ထဲ မိုးလေလေးက စွေနေလေတော့ စိတ်ထဲမှာ ပူလောင်ပြီး ချဉ်စပ်နေတာလေးတွေ စားချင်မိတာနဲ့ ready made ပိန္နဲသီးပြုပ်ပြီးသား ဗူးလေးဖောက်ကာ ချဉ်ချဉ်ငံငံ စပ်စပ်လေး ထောင်းမိသွားတဲ့အတွက် ဒီနေ့တော့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ပိန္နဲသီးထောင်းနည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးသား ပိန္နဲသီး - အနေတော် တစ်ကွင်း
  2. သကြား  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  5. ငရုတ်သီး အကြမ်းဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နံနံပင် - မိမိနှစ်သက်သလောက်
  9. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  10. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  12. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  • ပိန္နဲသီးဗူးကိုဖောက်ပြီး ပိန္နဲကွင်းကို ၁၀မိနစ်လောက် ပြန်ပြုပ်ပေးပါ
  • အအေးခံပြီးတာနဲ့ အနေတော်လေးတွေ ဖဲ့ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် လှီးထားပါ
  • ငရုတ်သီး အကြမ်းမှုန့် ငရုတ်သီး အလှော်မှုန့် သံပုရာသီး ဆား သကြား ငံပြာရည် အရသာမှုန့် ငရုတ်သီးစိမ်းနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ခပ်ဖွဖွ ထောင်းပေးပြီး သံပုရာရည်ညှစ်ပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါပြီ
  • ထောင်းပြီးတာနဲ့ အရသာ သမသွားအောင် ဇွန်းနှင့်မွှေပေးပါ
  • အရသာ မြည်းပြီးတာနဲ့ လိုသလို ပြင်ပေးကာ ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာပါဝင်တဲ့ ပိန္နဲသီးထောင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment