သတ်သတ်လွတ် စားတဲ့နေ့တွေမှာ ပဲသုပ်လေး တမယ်တော့ ပါအောင်လို့ သုပ်တတ်ပါတယ် ဒီနေ့တော့ ပဲနီပြားသုပ်ကို ရှောက်ရွက်လေးထည့်ပြီး မွှေးနေအောင် သုပ်ထားတဲ့အတွက် လွယ်ကူမြန်ဆန် ပဲသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပြုပ်ပြီးသား ပဲနီပြားဗူး - တစ်ဗူး (400 g)
- ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရှောက်ရွက်အနု - မိမိနှစ်သက်သလောက်
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
- Ready made ပဲဗူးကိုဖောက်ပြီး အရည်များသွန်ပေးကာ ရေတထပ်လောက် ဆေးပေးထားပါ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
- လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
- ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ရှောက်ရွက်ကို ရေဆေးပြီး ခပ်ပါးပါးရိတ်ရိတ် လှီးထားပေးပါ
- ကြက်သွန်နီ ရှောက်ရွက် ဆီ ငရုတ်သီးစိမ်း ဆားအနုနှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
- ဇလုံတလုံးထဲမှာ ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ရှောက်ရွက်နံ့ သင်းနေတဲ့ သတ်သတ်လွတ် ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment