Monday 19 March 2018

New Zealand green-shell mussel အစပ်ပြုပ်











မြန်မာပြည်မှာ နေတုံးကတော့  ဂုံးလေးတွေ အရမ်းပေါတဲ့အတွက် မကြာမကြာ စားဖြစ်ကြပါတယ် မြန်မာပြည်က ဂုံးလေးတွေနဲ့ အပြင်ခွံမတူပေမဲ့ အတွင်းသား အရသာကတော့ အတူတူပါဘဲ ပြုပ်နည်းလေးလဲ လွယ်ကူတယ် ချဉ်ငံစပ်လေး ပြုပ်ထားတဲ့အတွက် သောက်တဲ့အခါမှာတော့ ရှူးရှူးရှဲရှဲနဲ့ လျှာလည်သွားစေတဲ့အတွက် လွယ်ကူမြန်ဆန် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အခွံပါသော New Zealand green-shell mussel - တစ်ကီလို
  2. စပါးလင်  - တစ်ပင်
  3. ချင်း - လှီးပြီးသား ခပ်ပါးပါး ၅ပြား
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  8. ကြက်သွန်နီ - အနေတော် တစ်ဥ
  9. ရှောက်ရွက် - ၄ရွက်
  10. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  11. နံနံပင် - အနည်းငယ်
  12. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  1. ဂုံးများကို ရေဆေးပြီး ရေစစ်ထားပါ
  2. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ ရအောင် လှီးထားပါ
  3. စပါးလင်အရွက်ကို ရေဆေးပြီး အနည်းငယ် ကျေသွားအောင် ထုပြီးထုံးထားပါ
  4. စပါးလင် အရင်းပိုင်းကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အနေတော် စိတ်ထားပါ
  7. ရှောက်ရွက်နှင့် နံနံပင်တို့ကို ရေဆေးထားပါ
  8. ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  9. စပါးလင်အရွက်များကို ရေဆေးပြီး ထုံးထားပါ
  10. ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  11. ငရုတ်သီးစိမ်း ကြက်သွန်ဖြူ နှင့်ချင်းတို့ ကို မညက်တညက် ထောင်းထားပါ
  12. ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပေးပါ
  13. ရေဆူလာတာနဲ့ ထောင်းထားသော အစာများ ကြက်သွန်နီများ ထုံးထားသော စပါးလင်အရွက်မျာကို ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  14. ပွက်ပွက်ဆူနေသော ဟင်းရေထဲကို ရှောက်ရွက်ထည့်ပေးပါ
  15. ပြီးတာနဲ့ ဂုံများ  ဆားနှင့် အချိုမှုန့်တို့ကိုထည့်ပါ
  16. ပြီးလျှင်ဂုံးများကို ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  17. ရေ ၁၅မိနစ်လောက် ပွက်ပွက်ဆူပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့်ခပ်ကာ  မီးပိတ်ပေးပါ
  18. ပြုပ်ချိန်ကြာပါက ဂုံးအသားများ မာကျစ်သွားပြီး စားလို့မကောင်းတော့တဲ့အတွက် ပြုပ်ချိန်ကို သတိထားပေးပါ
  19. ဟင်းရည်ပူပူလေးကို နံနံပင်ထည့်ပေးကာ သံပုရာရည်ညှစ်ပြီး စားပွဲပြင်ပေးပါ
  20. ဂုံးအသားများကို ဖယ်စားပြီး ဂုံးပြုပ်ရည်ကို ပူပူစပ်စပ် မွှေးမွှေးလေးကို သာက်နိုင်ပါပြီ။

1 comment:

  1. Hi there to every , since I am truly eager of reading this blog's post to be
    updated on a regular basis. It consists of good information.

    ReplyDelete