ဆယ်လမွန်ငါး အသား အတိုစလေးတွေ ၀ယ်လာပြီးတော့ ကင်စားရင် ကောင်းမလား အိုးကပ်ချက်ရင် ကောင်းမလား စဉ်းစားနေရင်း အိုးကပ်လေး ချက်ဖြစ်ပါတယ် ဆယ်လမွန်ငါး အိုးကပ်ကို နံနံပင်အုပ်ထားတဲ့အတွက် စားလို့ကောင်းလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆယ်လ်မွန်ငါး - 500 g
- သံပုရာသီး - တစ်ခြမ်း
- ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
- ကြက်သွန်ဖြူ အမွှာကြီးကြီး သုံးမွှာ
- ချင်း ခပ်ပါးပါး - နှစ်ပြား
- ခရမ်းချဉ်သီး - အလုံးကြီးကြီး လေးလုံး
- ငရုတ်သီး အခြောက်တောင့် - ငါးတောင့်ခန့်
- နံနံပင် - အနေတော် သုံးပင်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
- ဆယ်လ်မွန်ငါး ခုတ်သားကို ရေဆေးပြီး သံပုရာရည် နနွင်းမှုန့် ငံပြာရည် အရသာမှုန့် ဆားအနည်းငယ်တို့နှင့် နယ်ပေးပါ
- ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပေးပါ
- ငရုတ်သီးတောင့်ကို ရေဆေးပြီး နာရီဝက်လောက် ရေစိမ်ထားပါ
- ပြီးတာနဲ့ချင်း ကြက်သွန်ဖြူ နှင့်ကြက်သွန်နီနှင့် ရေစိမ်ထားသော ငရုတ်သီး အခြောက်တောင့်တို့ ကို ညက်နေအောင် ရာထောင်းပေးပါ
- ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးပေးထားပါ
- ဇောက်နက်သော ဒယ်အိုးကို အပူပေးပါ
- ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးအရောကို ဆီပူပူမှာ ထည့်ပြီးကြော်ပေးပါ
- ငရုတ်သီးနံ့သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
- ခရမ်းချဉ်သီးများ ကျေပြီးအိလာတာနဲ့ အရသာ နယ်ထားသော ငါးကို ထည့်ပေးပါ
- ခရမ်းချဉ်သီးနှင့် ငါးတို့ကို လုံးမိအောင် အထက်အောင် သုံးခါလောက် မွှေပေးပြီး အဖုံးပိတ်ကာ တည်ပေးပါ
- ဆီသတ်ထားချိန် အိုးမကပ်စေရန်နှင့် ငါးအသားများ ကျေမသွားစေရန်အတွက် အိုးကိုလှုပ်လှုပ်ပေးပါ
- ငါးအသား မာပြီးကျစ်လာမှ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
- ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင်ကို အုပ်ပေးပါ
- ငါးဟင်းကို ဆီပြန်ပြီး အိုးကပ်အောင် တည်ပေးကာ မီးပိတ်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ ။
No comments:
Post a Comment