ပုဇွန်ခေါင်းထဲမှ အစာအိတ်များကို ဖယ်ထားပါ
အရင်ဆုံး ခပ်ကြမ်းကြမ်း ထောင်းပေးပါ
ရေအနည်းငယ်နှင့် ကျင်ပေးပါ
အရည်စစ်ထားသော အရည်
အထက်ပါနည်းအတိုင်း ထောင်းလိုက်အရည်ငင်
လိုက် ငါးခါလောက် လုပ်ပေးပါ
မီးဖိုပေါ်မှာ တင်ပေးပြီး ကျိုပေးပါ
အ ည်များ ပြစ်လာတာနဲ့ ဆီနှင့်ဆားတို့ ထည့်ပါ
- အခုရက်ထဲ မုန်တိုင်းသတင်းကြားတာနဲ့ စိန်ရောလူပါ ယောက်ယက်တွေခပ်ကာ ရေခဲသေတ္တာထဲက အသားငါးတွေကို ကြော်တန်တာကြော် ပြုပ်တန်တာပြုပ် ပြင်ဆင်ပြီး သကာလ ပုဇွန်ထုတ်တွေထဲက ခေါင်းအသားတွေ ဖယ်ထားတဲ့ အထုတ်တစ်ထုတ် ထွက်လာ ပါသေးတယ်။
- ပြစ်လိုက်ရမှာလဲ သမျှောနေတာနဲ့ အပင်ပန်းခံကာ ပုဇွန်ဆီချက်ဖို့ ပြင်ရပါတော့တယ် ဒီတော့လဲ ပုဇွန်ခေါင်းတွေကို ထုလိုက်ထောင်းလိုက် ရေနဲ့ကျင်လိုက် ရေထဲက အနှစ်တွေယူလိုက်နဲ့ ၅ခါလောက် ထောင်းပြီးမှဘဲ ဆီချက်ဖို့ ပြင်ရပါတော့တယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ ပုဇွန်ဆီ ချက်နည်းကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- အခွံမပါသော ပုဇွန်ခေါင်းများ - 500 g
- ဆီ - ငါးကျပ်သား
- ဆား - လက်ဖက်ရည်ဇွှန်း တစ်၀က်
- ရေ - တစ်လီတာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
- ပုဇွန်ခေါင်းများကို အခြံခြာကာ အထဲမှ အစာအိတ်နှင့် သွားများကို ဖယ်ပေးပါ
- ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး ငရုတ်ဆုံထဲ ထည့်ပေးကာ မညက်တစ်ညက် ထောင်းပေးပါ
- ထောင်းထားသော ပုဇွန်ခေါင်းများကို ရေအနည်းငယ်နှင့် အရည်ကျင်ပေးပါ
- အရည်ကျင်ထားသော ပုဇွန်ခေါင်းဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
- အရည်ညှစ်ချထားသော ပုဇွန်ခေါင်းဖတ်များကို နောက်တစ်ခေါက် ညက်နေအောင် ထောင်းပါ
- ထောင်းထားသော ပုဇွန်ခေါင်းကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ပြီး ခေါင်းခွံများကို ထပ်ထောင်းပေးပါ
- အထက်ပါ နည်းအတိုင်း ၅ခါလောက် ထောင်းလိုက် အရည်ကျင်လိုက် လုပ်ပေးပြီးရင် ရပါပြီ
- ပုဇွန်ခေါင်း ထောင်းပြီးသားများကို အရည်ကျင်ရာမှာ အရည်အများကြီး မထည့်ဘဲ ကျင်ပေးပါ
- အရည်အများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်။
- ပုဇွန်ခေါင်းသား 500 g လောက်ဆို ရေတလီတာလောက် သုံးပေးရင် ရပါတယ်
- အားလုံးအဆင်သင့် ဖြစ်ပါက ပုဇွန်ခေါင်းအခွံမှ အသုံးမလိုတော့သော အခွံများကို လွှင့်ပြစ်လိုက်ပါ
- အရည်ကျင်ထားသော ပုဇွန်ခေါင်း ထောင်းထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
- ပုဇွန်အရည်ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
- ပုဇွန်ရည်များ ပြစ်လာပြီ ဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
- ဆီထည့်ပြီးတာနဲ့ ပုဇြန္ဆီမ်ား ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ထားပေးပါ
- ပုဇွန်ဆီများ ပြစ်လာပြီး ဆီဥလာပြီ ဆိုတာနဲ့ ပုဇွန်ဆီ မွှေးမွှေးလေး ရပါပြီ
- ပြီးတာနဲ့ မီးပိတ်ပေးပြီး အေအးခံကာ ရေခဲသေတ္တာထဲ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
- ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment