Tuesday 21 March 2017

ဆယ်လ်မွန်ငါးကင်




ဒီတခါတော့ ဆယ်လ်မွန်ငါးကင် မွှေးမွှေးလေးကင်ဖို့ ပြင်ဆင်ထားပါတယ် ပြင်ဆင်ရတာ မြန်ဆန်သလို ကင်ရတာလဲ အရမ်းကို လွယ်လွန်းပြီး ဟင်းတမယ်အတွက် စားကောင်းလွန်းတဲ့ အပြင်အဆင်လေးရအောင် ငါးကင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရည်ခွံပါသော ဆယ်လ်မွန်ငါး - 270 g
  2. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (မထည့်လဲရ)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. သံလွင်ဆီ - ထမင်းစားဇွန်းတဇွန်း (သံလွင်ဆီမရှိက တခြားဆီကို သုံးနိုင်ပါတယ်)
  7. ကညွှတ် - ၈ပင်

ပြင်ဆင်ပုံ
  1. ဆယ်လ်မွန်ငါးကို အကြေးခွံဖယ်ပြီး ရေဆေးပေးပါ
  2. ရေဆေးထားသောငါးကို ရေ ခနစစ်ထားပြီး ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့် နနွင်းမှုန့်တို့နဲ့ ခပ်ဖွဖွဆုတ်ပြီး နယ်ပေးပါ
  3. ကညွှတ်များကို ရင့်သောနေရာများဖယ်ပြီး ရေဆေးထားပါ
  4. အောက်ခြေမကပ်သော ဒယ်အိုး သို့မဟုတ် အသားကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ
  5. ဆီပူလာတာနဲ့ငါးကို အရည်ခွံဘက်မှစပြီး အိုးထဲထည့်ပေးပါ
  6. ၂မိနစ်လောက်အပူပေးပြီး ငါးအပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ အသားဖက်ကို လှည့်ပေးပြီး ကင်ပါ
  7. နောက်တဖက်ကိုလဲ ၂မိနစ်လောက်ကင်ပေးပြီးရင် ရပါပြီ
  8. ငါးကင်သော အိုးထဲမှာဘဲ ပိုနေတဲ့ ဆီကိုထည့်ပြီး ကညွှတ်များကို လှိမ့်ပေးပါ နှစ်မိနစ်ခွဲလောက် လှိမ့်ပေးပါ
  9. ငါးကင်ထည့်ထားသော ပန်းကန်ထဲ ကညွှတ်ကင်များထည့်ကာ မွှေးပြီးအရသာကောင်းမွန်လွန်းတဲ့ ငါးကင်ဟင်းပွဲလေးကို စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment