ဒီနေ့တော့ အစာပြေ စားရအောင် ကြက်သားလေးတွေလှီးပြီး တန်ပူရာမှုန့်ကို အရည်ခပ်ပျစ်ပျစ်ဖျော်ကာ ကြက်သားပြားကြော်လေး ကြော်ဖို့အတွက် ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 200 g
- ကြက်ဥ - တစ်လုံး
- တန်ပူရာမှုန့် - ထမင်းစားဇွန်း ရှစ်ဇွန်းမောက်မောက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ကြက်သားကိုရေဆေးပြီး ရေခြောက်အောင် သုတ်ပေးကာ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးပါ
- ပြီးတာနဲ့ ဆား အရသာမှုန့်တို့နဲ့ ကြက်သားကို နယ်ပေးပါ
- ဇလုံတစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး တန်ပူရာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့နဲ့ရောပြီး ခပ်ပြစ်ပြစ် ခလောက်ပေးပါ
- ခလောက်ထားသော တန်ပူရာမုန့်အနှစ်ထဲမှာ ကြက်သားပြားကို တစ်ပြားချင်းနှစ်ပြီးလူးပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ကြက်သားပြားကို အိုးဆန့်သလောက် တစ်ပြားချင်း ထည့်ကြော်ပေးပါ
- ကြက်သားပြား တစ်ခုလုံး အကျက်ညီစေရန် အထက်အောက် လှန်လှန်ပေး၍ ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက ကြက်သားပြား မွမွရွရွ ကြွတ်ကြွတ်လေးကို အရသာရှိစွာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment