Monday 28 June 2021

ခရမ်းချဉ်သီး အနှစ်ချက် ဆီမွှေးသတ်နည်း












မာမာတို့ နေတဲ့မြို့လေးမှာ ရာသီဥတုက အရမ်းအေးပြီး နေ့တိုင်းလိုလို ရေတွေခဲနေတော့ မာမာစိုက်ထားတဲ့ အပင်လေးတွေ တော်တော်များများ သေကုန်ပါတယ်။ 

အဲဒီအပင်လေးတွေ ထဲကမှ  ခရမ်းချဉ်သီးလေးတွေကိုခူးပြီး အနှစ်ချက်လေး ချက်ထားပါတယ် အခုလို ချက်ထားတဲ့ အခါမှာ ဟင်းချက်တဲ့ အခါမှာဘဲဖြစ်ဖြစ် အသုပ်လေးတွေ လုပ်စားတဲ့ အခါမှာဘဲဖြစ်ဖြစ် အဆင်ပြေသလို အဆင်သင့်လဲ ရပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ခရမ်းချဉ်သီး အနှစ်ချက် ဆီမွှေးသတ် နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ခရမ်းချဉ်သီး - တစ်ကီလိုခွဲ
  2. ဆား - လက်ဖက်ရညိဇွန်း တစိဇွန်းင်္ခဲ
  3. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ကြက်သွန်ဖြူ - အမွှကြီးကြီး ဆယ်မွှာ
  6. ကြက်သွန်နီ - အနေတော် လေးလုံး
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  8. ဆီ - ခပ်များများ သုံးပေးပါ
ပြက်ဆင်ပုံ
  • ခရမ်းချဉ်သီးများကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီကို ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်များကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်မွှေးပြီး မွလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးများ မွလာတာနဲ့ ခရမ်းချဉ်သီးများကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးမှ အရည်များ ထွက်လာတာနဲ့ ဆားနှင့်အရသာမှုန့်များ ထည့်မွှေပေးပါ
  • အိုးထဲမှ အရည်များ မခမ်းခင် အိုးမကပ်စေရန် မွှေမွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာပြီး ရေများခမ်းကာ ဆီပြန်လာပါက မီးပိတ်ပေးပါ
  • ခရမ်းချဉ်သီးများ အေးသွားပါက ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးခဲထားပါ
  • မိမိ အသုံးပြုကာနီးပါက ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှ ကျိုထုတ်ထားပြီး အသုံးပြုနိူင်ပါပြီ။ 

No comments:

Post a Comment