Saturday 19 June 2021

ငါးရံ့ ဆန်လှော်ဆန်ပြုပ်










ဒီနေ့တော့ ငါးရံ့နဲ့ ဆန်လှော်ဆန်ပြုပ်လေး ပြုပ်ပါတယ် ဆန်ပြုပ်ဆိုရင် ငါးရံ့နဲ့ ပြုပ်တဲ့ ဆန်လှော်ဆန်ပြုပ်က မွှေးပြီး အရသာ တစ်မျိုးလေး ပိုကောင်းတဲ့အတွက် တစ်ခြားဆန်ပြုပ်တွေထက် ပိုပြီးကြိုက်ပါတယ်။

ငါးအထဲမှာ အစာသွပ်ထားတဲ့ ငရုတ်သီးထောင်းရဲ့ အရသာကလဲ အရသာ တစ်မူထူးခြားတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ငါးရံ့ဆန်လှော် ဆန်ပြုပ် ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ရေ - လိုသလောက်၏
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  6. ငါးရံ့ - သုံးဆယ်သားခန့် တစ်ကောင်
  7. ကြက်သွန်နီ - အနေတော် သုံးလုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  9. နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  11. ကြက်သွန်နီကြော် - မိမိနှစ်သက်သလောက်
  12. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ဆန်လှော်ပုံ

  • ဒယ်အိုးထဲမှာ ဆန်ထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
  • ဆန်လှော် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်လှော်များ ညိုရောင်သန်းလာပြီး မွှေးလာပါက မီးပိတ်ပေးထားပါ
ငါးအစာသွပ်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင် အရွက်များကို ရေဆေးထားပါ
  • ငါးကိုခြည်ရန် ကြိုးကိုအဆင်သင့် ပြင်ထားပါ
  • ငါးရံ့ကို မကြေးခွံထိုးပြီး ရေယက်များ ခုတ်ပေးပါ
  • ခေါင်းကို ဖြုတ်ပေးပြီး အထဲမှ အူကလီစာများကို ဖယ်ပေးကာ ရေစင်အောင် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ပုံပါအတိုင်း ကျောဖက်မှ ခွဲပေးပါ
  • ​ကျောဘက်မှ ခွဲပြီးတာနဲ့ ထောင်းထားသော အစာများကို ဆီသတ်ဖို့ အနည်းငယ်ချန်ပြီး ဖိသိပ်ပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ စပါးလက် အရွက်များနှင့် ပါတ်ပါတ်လည် စည်းပေးပါ
  • စပါးလင် ခြည်ထားသော အပေါ်မှ ကြိုးနှင့်တင်းနေအောင် လိုက်ခြည်ပေးပါ။
ငါးဆီသတ်ရန်
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကိုထည့်ပြီး မွလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးထောင်းများ မွလာတာနဲ့ ငါးကိုထည့်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာတင်းလာအောင် မကြာမကြာ ဟိုဘက်ဒီဘက် လှည့်လှည့်ပေးပါ
  • ငါးအသား မာတင်းလာတော့မှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ငါးအိုးထဲမှ ရေခမ်းကာနီးတော့မှ အဆင်သင့် ပြုပ်ထားသော ဆန်ပြုပ်ကို ထည့်ပေးပါ
  • ထိုဆန်ပြုပ်အိုးထဲကို ကြက်သွန်နီ ဆား အရသာမှုန့်တို့ ထည့်ပေးပြီး မီးအနေတော်နှင့် တည်ပေးထားပါ
  • ကြက်သွန်နီများ နူးလာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ထည့်ပေးပါ
  • ဆန်ပြုပ်အိုး အပျစ်အကျဲကို မိမိစိတ်တိုင်းကျ အနေတော် ရပါက မီးပိတ်ပေးပါ
  • ငါးကိုအိုးထဲမှ ဆယ်ပေးပြီး ခြည်ထားသော ကြိုးများဖယ်ပေးပါ
  • ပြီးတာနဲ့ ငါးရံ့ဆန်လှော် ဆန်ပြုပ်ကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment