Friday 28 July 2017

ပုဇွန်လှော်သုပ်


ဟင်းချက်​ဖို့ စဉ်းစားတိုင်း အ​ဖြေမရတဲ့ ​နေ့​တွေဆို ​ရေခဲ​သေတ္တာထဲက ရှိတာ​တွေ ဆွဲထုတ်​ပြီး ​နောက်​ဆုံး​တော့လည်း အကြံကုန်​လာတော့ စိတ်​ထဲ​ပေါ်တာ​တွေ ချက်​လိုက်​မိ​တော့တာပါဘဲ ဒါကြောင့်မို့လို့ ဒီ​နေ့မျှ​ဝေ​ပေးမှာကတော့ လွယ်ကူမြန်ဆန် ပုဇွန်​​လှော်​သုပ်​ ချဉ်​ငံစပ်​​လေးပါရှင်။

ပါဝက်​ပစ္စည်းများ

  1. ပုဇွန်​ထုတ်​ - အ​နေ​တော်​ ၁၀ကောင်
  2. ဆား - လက်​ဖက်​ရည်​ဇွန်း သုံးပုံတစ်ပုံ
  3. ကြက်​သွန်​နီ - အ​နေ​တော်​ တစ်လုံး
  4. အချိုမှုန့်​ - လက်​ဖက်​ရည်​ဇွန်း တစ်ဝက်
  5. သံပုရာသီး - တစ်စိတ်
  6. ငရုတ်​သီးစိမ်း - နှစ်​သက်​သ​လောက်

ပြင်​ဆင်​ပုံ
  1. ပုဇွန်​ထုတ်​ကို ​ရေ​ဆေးပြီး ဒယ်အိုးထဲမှာ ထည့်ပေးပါ
  2. ပုဇွန်​ထုတ်​အိုးထဲမှာ ​ရေအနည်းငယ်​နှင့် ဆားထည့်​ပြီး မီးအားအနေတတော်နဲ့ ​လှော်ပေး​ပါ
  3. ​ရေခမ်းတာနဲ့ အ​အေးခံပြီး အခွံခွာပေးပါ
  4. ကြက်​သွန်​နီကို အခွံခွာပြီး အလုံးလိုက်​ ​ရေ​ဆေးပြီးမှ ထက်ခြမ်းလှီးကာ ခပ်​ထူထူ လှီးပေးပါ
  5. ပန်းကန်​တခုထဲမှာ ပုဇွန်​ ကြက်​သွန်​နီနှင့်​ သံပုရာရည်​ညှစ်​ကာ အချိုမှုန့်​ထည့်​ပြီး ခပ်​ဖွဖွနယ်​ပါ
  6. နယ်​ပြီးတာနဲ့ အရသာမြည်း၍ လိုသလိုပြင်​ကာ ပုဇွန်လှော်သုပ် မွှေးမွှေးလေးကို ငရုတ်​သီးစိမ်း စပ်​စပ်လေးနှင့်​ တွဲဖက်​၍ စားနိုင်​ပါပြီ။

No comments:

Post a Comment