အခုနေတဲ့ မြို့လေးကို ပြောင်းလာတာ ရပ်ကွက်တခုကို ဈေးတခုရှိပြီး ဈေးတိုင်းမှာ အေးရှန်းဆိုင်လေးတွေ ရှိနေတော ၀ယ်ရခြမ်းရ အတော်လေး အစဉ်ပြေပါတယ်။
ချက်ကာနီးမှ လမ်းလေးလျှောက် လိုချင်တာလေး ပြေးဝယ်ပြီး ချက်ရတော့ လတ်လတ်ဆတ်ဆတ်နဲ့ စားရတာလဲ ကောင်းပါတယ် ဒီနေ့တော့ ကိုက်လန်အဖူးလေးတွေ ၀ယ်လာပြီး ၀က်ဂုတ်သားနဲ့ကြော်ဖြစ်တဲ့အတွက် ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကိုက်လံအပင် - ၇ပင်
- ၀က်ဂုတ်သား - 150 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ကိုက်လံအပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
- ၀က်ဂုတ်သားကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ဆား အချိုမှုန့် သင့်ရုံနှင့် နယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပေးပါ
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပေးပါ
- ဆီအငွေ့ တက်လာတာနဲ့အရသာ နယ်ထားသော ၀က်ဂုတ်သားကို ထည့်ကြော်ပေးပါ
- အသားများ မာလာတာနဲ့ ရေမြုပ်ရုံလေးထည့်ပြီး အဖုံးအုပ်ကာ ရေခမ်းအောင် တည်ပေးပါ
- ရေခမ်းပြီး ဆီသံကြားတာနဲ့ဝက်သားကို ဘေးကပ်ထားပြီး ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
- ပြီးတာနဲ့. ဘေးကပ်ထားသော ၀က်သားကို ရောမွှေကာ ရေစစ်ထားသော ကိုက်လန်များထည့်ပြီး ပဲငံပြာရည် ဆားနှင့် အချိုမှုန့်တို့ ထည့်မွှေပါ
- နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ကိုက်လန်အရွက်များ နွမ်းစပြုလာချိန် အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ
No comments:
Post a Comment