ဝက်သား အသားတုံးလေးတွေကြီးဘဲ တစ်တုံးကို $9 ကျော်ကျော်နဲ့ ရောင်းတာတွေ့တော့ မ၀ယ်ဘဲ မနေနိုင်လို့ ၂ထုတ်ဝယ်လာပြီး အနေတော်လေးတွေ တုံးကာ အစိုကြော်ဖြစ်ပြန်ပါတယ် စားလို့ကောင်းတဲ့ ၀က်သားအစို အကြွတ်ကြော်နည်း မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ၀က်သား - 1 kg
- ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ချင်းအရည် - ထမင်းစားဇွန်း တစ်ဇွန်း (ချင်းကိုထောင်းပြီး အရည်ယူထားပါ)
- ကြက်သွန်ဖြူ အရည် - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သွန်ဖြူကို ထောင်းပြီး အရည်ယူထားပါ)
- ဆီ - 2 cups
ပြင်ဆင်ပုံ
- ၀က်သားကို ပုံပါအတိုင်း ရှည်ရှည်လေးတွေ လှီးပေးပါ
- ၀က်သားကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် paper towel နှင့်သုတ်ပေးပါ
- ရေခြောက်တာနဲ့ ကြက်သွန်ဖြူအရည် ခနောကြက်သားမှုန့် ချင်းကိုထောင်းပြီး ယူထားသော ချင်းအရည် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထည့်ပြီး နှပ်ထားပေးပါ
- နောက်နေ့မနက်မှာ ကြော်ဖို့ပြင်ဆင်ပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို မီးပြင်းပြင်းနဲ့ အပူပေးလိုက်ပါ
- ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ အရသာ နယ်ထားသော ၀က်သားကို ထည့်ပြီးကြော်ပါ
- အသား အစိမ်းကို ကြော်တာ ဖြစ်တဲ့အတွက် အထဲထိ ကျက်စေရန် မကြာမကြာ အထက်အောက် လှန်ပေးပါ
- ပုံပါအတိုင်း အရောင်ရလာပြီဆိုရင် ဆယ်ပြီး အအေးခံထားပါ
- ကြော်ပြီးသား ဆီကိုလဲ အအေးခံထားပါ
- အသားရော ဆီပါအေးလာတော့မှ ကြော်ထားသောဆီနှင့်ကြော်ပြီးသား အသားကိုစိမ်ပြီး နှစ်သက်သလို စားသုံးနိုင်ပါပြီ
- ကြော်ထားသောဆီကို ထမင်းဆီဆမ်း နယ်ပြီးစားနိုင်ပါတယ်
- ထိုနည်းအတိုင်း ဆိတ်သား အမဲသား သိုးသားတို့ကိုလဲ ကြော်နိုင်ပါတယ်။
သိပ်ကြီုက်မမာရေ
ReplyDeleteပျင်းလို့ သိပ်မလုပ်ဖြစ်ဘူး
လုပ်ရင်ခဏလေးနဲ့ ကုန်သွားရော ဒီတိုင်းစားပစ်လို့ ..
အိုင်အိုရာ