Saturday 2 July 2016

ကြက်သား ကာလသားချက်



ဆောင်းရာသီရောက်လာတော့ ဘာစားစား အစပ်လေးဘဲ စားချင်နေမိတယ် ချမ်းလိုက်တာလဲ တုန်နေအောင် ချမ်းလေတော့ ဟင်းချက်ရမှာလဲ စိတ်ကမပါ့တပါ့ပေါ့ နောက်ဆုံးတော့ မချက်ရင်လဲ မစားရတော့ဘူးဆိုတဲ့ အသိလေးနဲ့ လွယ်ကူမြန်ဆန် ကြက်သားကာလသားချက် ဟင်းတမယ်ချက်ပြီး ထမင်းပူပူ ဟင်းပူပူလေးနဲ့ စားလိုက်ကြလေသတည်းပေါ့ရှင်။

ပြင်ဆင်ပုံ

ကြက်သားအရသာနယ်ရန်

  • ကြက်နုနုတကောင် - 500g (အနေတော်တုံးထားပါ)
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်


ဟင်းချက်ရန်

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူ မညက်တညက်ထောင်းရန် - ငါးမွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. ငရုတ်သီးအတောင့် မညက်တညက်ထောင်းရန် - အစပ်တောင့် ၇တောင့် 
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သားအရသာနယ်  ကြက်သွန်ဖြူ နီ ချင်းထောင်းနှင့် ငရုတ်သီးထောင်းတို့ကိုထည့်နယ်ပြီး လက်ဆေးရည် နည်းနည်းနှင့် ဆီထည့်ကာ လုံးချက်ချက်ပေးပါ 
  • ကြက်သားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် လုံးပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ရေခမ်းအောင်မတည်ဘဲ ဟင်းရည်များများရအောင် ပွက်ပွက်ဆူရုံတည်ပေးပြီး အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • လူတိုင်းစွဲမက်စေမဲ့ ကြက်သားကာလသားချက် စပ်ပြီးမွှေးနေတဲ့ ဟင်းတမယ်ကို  စားသုံးနိုင်ပါပြီ။

No comments:

Post a Comment