တနေ့တာ ထမင်းဝိုင်းလေးအတွက် စားမိန်ဟင်းလေး ဖြစ်ဖို့ရာ ဟင်းတမယ်ချက်ဖို့ ပြင်ဆင်ရတာ စဉ်းစားရတာတွေက တကယ်တမ်းကျတော့ စိတ်မောရပါတယ် ဒါပေမဲ့လဲ စိတ်မောရတဲ့ ကြားထဲကဘဲ လက်လှမ်းမှီသလောက် စိတ်ကူးရသလို ချက်ရပြန်တာပါဘဲ ဒီနေ့တော့ ထမင်းကို မိန်စေမဲ့ ပုဇွန်ထုတ် ပဲငါးပိကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - စားပွဲတင်ဇွန်း ၁၀ဇွန်း
- ကြက်သွန်မိတ် - ၃ပင်
- ကြက်သွန်နီ - အနေတော် ၂လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂ မွှာ
- ချင်း - ခပ်ပါးပါး ၃ပြားစာ
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- ပဲငါးပိအချို - ထမင်းစားဇွန်း ၄ဇွန်း
- ငရုတ်သီးအခြောက်တောင့် - ၅တောင့်ခန့်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်၍ ကြောဖက်မှ အမည်းကြောင်း ထုတ်ပေးပါ
- ပဲငါးပိနှင့် ငရုတ်သီးအခြောက်တောင့်ကို ပြင်ထားပါ
- ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက်လှီးပေးပါ
- ကြက်သွန်ဖြူ ၃မွှာကို ဓါးပြားရိုက်ပြီး လှီးထားပါ
- ကြက်သွန်မိတ်ကို အနေတော် လှီးပေးပါ
- ချင်းကို အခွံခွာပြီး ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
- အားလုံးပြီးတာနဲ့ ဆီကိုအပူပေးပြီး ငရုတ်သီးတောင့်ကို အရင်ဆုံး ညိုသွားတဲ့အထိ ကြော်ပေးပြီး ဆယ်ထားပါ
- ထိုဆီထဲမှာဘဲ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ကြော်ပေးပါ
- ကြက်သွန်များ အရမ်းနူးမသွားစေရန် မိနစ်ဝက်လောက် ခနဘဲကြော်ပေးပြီး ပဲငါးပိ ဆား ပုဇွန် အချိုမှုန့်တို့ ထည့်မွှေပေးပါ
- ပုဇွန်ထည့်ပေးပြီး ၃မိနစ်လောက်ကြော်ပြီးတာနဲ့ ကြော်ထားသော ငရုတ်သီးတောင့် ကြက်သွန်မိတ်တို့ ထည့်မွှေကာ အရသာ မြည်းပါလိုသလိုပြင်ပေးပြီး ပန်းကန်ထဲထည့်ကာ စားပွဲပြင်ပေးပါ
- ချင်းနံ့သင်းသင်းလေးနဲ့ ပုဇွန်ပဲငါးပိကြော်ကို ထမင်းပူပူလေးနှင့် နှစ်သက်သလို စားသုံးနိုင်ပါပြီ ။
No comments:
Post a Comment