ဒီနေ့တော့ ပုန်းရည်ကြီးသုပ်နဲ့ ထမင်းကို နယ်ဖတ်ပြီး စားချင်နေတာနဲ့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် စားမြိန်ထမင်းသုပ်လေး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ ထမင်းသုပ် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပုန်းရည်ကြီး - တထုတ်သေး တစ်ထုတ်
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်းမောက်မောက် သုံးဇွန်း
- ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံကိုး ခပ်ပါးပါး လှီးထားပါ
- ငရုတ်သီးစိမ်း - စားနိုင်သလောက် ခပ်ပါးပါး လှီးထားပါ
- ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်ုး
- ပဲဆီ - ထမင်းစားဇွန်း ၁၀ဇွန်း
- ငါးငပိအနှစ် - ထမင်းစားဇွန်း ၂ဇွန်း (ငါးပိရည်ကျိုရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ။ )
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်( ။ )
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်( ငါးပိရည်ဖျော်ရန်)
- ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း ( ။ )
- ချက်ပြီးသားထမင်း - တရုတ်ဟင်းပြင် ပန်းကန်အလတ် တစ်လုံးစာ
ငါးပိရည်ကျိုရန်
- ငါးငပိအနှစ်ကို ဆား နနွင်းနှင့် ရေသင့်ရုံထည့်ပြီး ကျိုပေးပါ
- ရေပွက်ပွက် ဆူလာပါက ၃မိနစ်လောက် ကျိုပေး၍ ပန်းကန်တခုထဲသို့ အရိုးများ မပါအောင် ပြောင်းထည့်ပေးပါ
- ကျိုထားသော ငါးပိရည် ပန်းကန်ထဲသို့ ငရုတ်သီးအလှော်မှုန့်နှင့် အချိုမှုန့်ထည့်ပြီး မွှေပေးထားပါ
ပုန်းရည်ကြီးသုပ်ရန်
- ဇလုံတလုံးထဲမှာ ပုန်းရည်ကြီးနှင့် ပါးပါးလှီးထားသော ငရုတ်သီးစိမ်း ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးအလှော်မှုန့် ပါးပါးလှီးထားသော ကြက်သွန်နီ အချိုမှုန့်နှင့် ဆီတို့ထည့်ပြီး သမအောင် ဇွန်းနဲ့နယ်ပေးပါ
ပြင်ဆင်ပုံ
- ဇလုံတလုံးထဲမှာ ချက်ပြီးသားထမင်း တရုတ်ဟင်းပြင်ပန်းကန် အလတ်တလုံးစာနှင့် ပုန်းရည်ကြီးသုပ် ထမင်းစားဇွန်း ၃ဇွန်း ငါးပိရည် ထမင်းစားဇွန်း တဇွန်းတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
- အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ပုန်းရည်ကြီး ထမင်းသုပ် မွှေးမွှေးစပ်စပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment