Monday, 29 February 2016

ကြက်သားကြော်





ဒီတစ်ခါတော့ သင်္ဘောသီး ချဉ်ရည်ဟင်းနဲ့ လိုက်ဖက်မဲ့ ကြက်သားကြော်လေး ကြော်ဖြစ်ပါတယ် ကြက်သားကို ဒီကြော်နည်းလေးအတိုင်း  ကြော်မိတိုင်း ပုရစ်ကြော် အရသာကို တမ်းတမိတာတော့ အမှန်ပါ။

ဒါကြောင့်မို့လို့ ပုရစ်ကြော်နဲ့ အရသာနဲ့ ဆင်လွန်းတဲ့ ချင်း ကြက်သွန်ဖြူနံ့ သင်းသင်းလေးနဲ့ ကြက်သားကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ 

  1. အရည်ခွံပါသော ကြက်ပေါင်ရင်းသား - နှစ်စုံ
  2. ချင်း - ခပ်ပါးပါး နှစ်ပြား
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ကြက်သွန်ဖြူ  - ၅မွှာ
  6. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သားကို အနေတော် ခုတ်ထားပြီး ရေဆေးကာ ရေခြောက်အောင် သုပ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ဇလုံတစ်လုံးထဲမှာကြက်သား ကြက်သားမှုန့် နနွင်းမှုန့် နှင့်ချင်းထောင်း တို့နှင့် နယ်ပြီး ဆယ့်ငါးမိနစ်လောက် နှပ်ထားပါ                  
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
  • ဆီပူလာက မီးကို အနည်းငယ်လျော့ပြီး မှ ကြက်သားကို တစ်တုံးချင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • အပေါ်ယံ အသားနည်းနည်း မာလာမှ တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကြော်နေစဉ် ကြက်သွန်နှင့် ချင်းဖတ်များ ဘေးကိုထွက်လာလျှင် အပေါက်ပါသော ဇွန်းဖြင့် ဆယ်ပြီး ဆယ်ထားပါ
  • တစ်ဖက်က ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကျန်တဲ့တစ်ဖက်လဲ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ 
  • အားလုံးကြော်ပြီးသွားပါက ကြက်သားကြော်ရဲ့ အပေါ်မှာ ဆယ်ပြီးဆီစစ်ထားသော ချင်းနှင့် ကြက်သွန်ကြော်လေးများ ဖြူးပြီး စားသုံးရန်ပြင်ပေးပါ
  • အရည်ခွံ ကြွတ်ကြွတ်လေးနဲ့ ကြက်ကြော်လေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment