Friday 9 July 2021

ဒညင်းသီး လက်ဖက်ထမင်း




ဒီနေ့တော့ ဒညင်းသီး လက်ဖက်ထမင်းနယ်လေး လုပ်စားဖြစ်ပါတယ် ဒညင်းသီးက ကျန်းမာရေးနဲ့ မညီညွတ်ပေမဲ့ တန်ဆေးလွန်ဘေး ဆိုသလိုပါဘဲ တော်ရုံသင့်ရုံ စားလို့ရပါတယ်။

ဒညင်းသီး လက်ဖက်ထမင်းနယ်လေးက ရေနွေးပူပူလေးနဲ့ အင်မတန်မှ လိုက်ဖက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး အရသာ တစ်မျိုးလေးနဲ့ စားလို့ကောင်းလွန်းတဲ့ ဒညင်းသီး လက်ဖက်ထမင်းနယ် လုပ်နည်လေးးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. လက်ဖက်အသား - ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  2. ထမင်း - ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  3. ဒညင်းသီး - ဆယ်လုံး 
  4. ထန်းလျှက်ခဲ - နှစ်လုံး 
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  8. ပဲဆီစိမ်း - လက်ဖက်အသား ခပ်စိုစိုလေး ရနေအောင် များများ သုံးပေးပါ

 လက်ဖက်အသား အရသာနယ်ရန်
  • ဒညင်းသီးနှင့် ထန်းလျှက်ခဲကို အိုးထဲထည့်ကာ ရေခပ်များများထည့်ပြီး နူးနေအောင် ပြုပ်ပေးထားပါ
  • ပြုပ်ထားသော ဒညင်းသီးများ နူးပါက ဒညင်းသီးကို မထူမပါးလေးတွေ လှီးထားပါ
  • လက်ဖက်အသားကို ဆားနှင့်နယ်ပြီး ရေလေးထပ်လောက်ဆေးကာ ရေကုန်အောင် ညှစ်ပေးပါ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ လက်ဖက်အသား ပုဇွန်ခြောက်မှုန့် အရသာမှုန့် ဆား နှင့်ဆီတို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးထားပါ
ထမင်းနယ်ရန်
  • ဇလုံတစ်လုံးထဲမှာ ထမင်းနှင့် လက်ဖက် အရသာ နယ်ပြီးသားတို့ကို ထည့်ပေးပါ
  • လက်ဖက်အသား အရသာ နယ်ပြီးသားထဲမှာ ဆီပါပြီးသား ဖြစ်တဲ့အတွက် ဆီထပ်ထည့်စရာ မလိုပါ
  • ပြီးတာနဲ့ ထမင်းကို ခပ်ဖွဖွလေး နယ်ပေးကာ အရသာ မြည်းပေးကာ မိမိစိတ်ပါကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ဒညင်းသီး လက်ဖက်ထမင်းပြင်မည့်  ပန်းကန်ထဲမှာ လက်ဖက်ထမင်း အရသာ နယ်ပြီးသားကို ခပ်ဖွဖွ ထည့်ပေးပြီး စားသုံးနိူင်ပါပြီ။
  • ပိုနေသော အရသာ နယ်ပြီးသား လက်ဖက်များကို ပုလင်းသန့်သန့်ထဲမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။

No comments:

Post a Comment