Friday 2 July 2021

Roasted Tropical Bananas




  

ဒီနေ့တော့ ဆီးချိုဝေဒနာသည်တွေ စားလို့ရအောင် ပြင်ဆင်ထားတဲ့ ငှက်ပျောသီး ထောပါတ်ကင်လေး ကင်ပါတယ် စားလို့အရမ်းကောင်းလွန်းတဲ့ အချို ပွဲလေးလဲ  ဖြစ်ပါတယ်။

အခု ပြင်ဆင်ထားတဲ့ အချိုးအစားက တစ်နေ့တာအတွက် တစ်လုံးနူံး စားလို့ရအောင် တွက်ချက်ပြီး ပြင်ဆင်ထားတဲ့ အချိုးအစား ဖြစ်ပါတယ် ဘာဘဲစားစား တန်ဆေး လွန်ဘေး မဖြစ်ရလေအောင် ဒါကိုဘဲ စားမယ်ဆိုရင်တော့ ပုံမှန်စားနေကျ တခြားစားစရာတွေကို တတ်နိူင်သလောက် အနည်းငယ်ဆီ လျှော့ပြီးစားရပါမယ်။

အခုမာမာပြင်ထားတဲ့ပုံက ပုံလှအောင် များများထည့်ပြီး ပြင်ထားတာပါ တစ်ကယ်တမ်း စားမယ်ဆိုရက်တော့ အောက်မှာ စားရမဲ့ အချိုးအစားလေးတွေ ရေးပေးထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင် တွက်ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငှက်ပျောသီး - အနေတော် ၆လုံး
  2. ဆားပါသော ထောပါတ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ငှက်ပျောသီးများကို ဗန်းထဲမှာ စီထည့်ပေးပါ
  • Oven ကို 400'f နှင့် ဖွင့်ပေးပြီ ငှက်ပျောသီးဗန်း ထည့်ပေးကာ မိနစ်နှစ်ဆယ် ထည့်ပေးပါ
  • မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အပြင်ထုတ်ပြီး အခွံများ ခွာပေးပါ
  • အခွံခွာပြီးတာနဲ့ ထောပါတ်ဆီနှင့် ငှက်ပျောသီးများကို လိုက်သုတ်ပေးပြီး oven ထဲမှာ ဆယ်မိနစ် ထပ်ထည့်ပေးပါ
  • ရွှေဝါရောင်လေး သန်းလာပြီဆိုရင် ရပါပြီ
  • တစ်ခါစားလျှင် တစ်လုံးနူံးဖြင့် ခြောက်ခါ ခြောက်ရက်စာ စားလို့ ရပါတယ်ရှင်။။

ပါဝင်သော အဟာရဓါတ်များ
    1. Calories - 140
    2. Calories from fat - 30
    3. Total fat - 3.5 g
    4. Saturated fat - 2.0 g
    5. Trans fat - 0.1 g
    6. Cholesterol - 10 mg
    7. Sodium - 25 mg
    8. Potassium - 450 mg
    9. Total Carbohydrate - 29 g
    10. Diretary Fiber - 3 g
    11. Sugar - 15 g
    12. Protein - 1 g

No comments:

Post a Comment