Saturday 3 July 2021

ဆီးချိုဝေဒနာရှင်တို့နှင့် သင့်တင့်သော မနက်စာ




ဒီနေ့တော့ မက်ဆင်ဂျာမှာ လာလာမေးကြတဲ့ ဆီးချိုဒေဝနာရှင်တို့အတွက် မနက်စောစော စားသင့်တဲ့ အစားအစာလေးတွေ မျှဝေချင်ပါတယ်။။

မာမာကိုယ်တိုင်လဲ ဆီးချိုဝေဒနာကို ခံစားနေရတာ ဆယ်နှစ်ကျော် ကြာခဲ့ပါပြီ ဆေးလဲသောက် အစားလဲဆင်ချင် အနေအထိုင်လဲပြုပြင် ဆိုသလိုပါဘဲ ဆီးချီုဝေဒနာရှင်တို့က မိသားစု အသိုင်းအဝန်းကြားမှာ စိတ်ညစ်စရာများနှင့် ကင်းဝေးအောင် နေနိူင်ဖို့လဲ လိုပါတယ်။

နောက်ပြီး ဆေးပုံမှန် သောက်နေရုံနဲ့ မပြီးသေးသလို အစားအစာ ဆင်ချင်ရုံနဲ့လဲ မပြည့်စုံပြန်ပါဘူး နေ့စဉ်နေထိုင်မှု ပုံစံကိုလဲ လေ့ကျင့်ခန်းလုပ်ခြင်း ကိုယ်လက်လှုပ်ရှားနေခြင်း လမ်းလျှောက်ခြင်း အစရှိတာတွေကိုလဲ ပြုမူရပါမယ်။

မာမာကတော့ နေ့စဉ်ပုံမှန် လမ်းတနာရီကျော် လျှောက်တာနဲ့ ညီမျှတဲ့ လေ့ကျင့်ခန်းလဲ လုပ်သလို သွေးလည်ပါတ်မှု ကောင်းနေအောင် အိမ်အလုပ်တွေကို ကိုယ်တိုင်လုပ်ပါတယ်။

ဆီးချိုဆေးက တနေ့နှစ်ကြိမ် ပုံမှန်သောက်ရတဲ့အတွက် မနက်ဆေး မသောက်ခင် အစာစားရတဲ့အတွက် နေ့စဉ် မနက်စောစောစာ ပြင်ဆင်ဖို့ ကွေကာအုပ် ပျားရည် အသီးအရွက် နွားနို့တို့နဲ့ ပြင်ဆင်ပုံလေးတွေကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကွေကာအုပ် - ထမင်းစားဇွန်း ၄ဇွန်း ခပ်မောက်မောက်
  2. ရေနွေးပူပူ - ထမင်းစားဇွန်း ၇ဇွန်း
  3. ပျားရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ငှက်ပျောသီး - လှီးပြီးသား ၆စိတ်ခန့်
ပြင်ဆင်ပုံ
  • ကွေကာအုပ်ကို ပန်းကန်တစ်လုံးထဲ ထည့်ပေးပါ
  • ရေနွေးကို ပွက်ပွက်ဆူအောင်ကျိုပေးပါ
  • ပြီးတာနဲ့ ကွေကာအုပ် ပန်းကန်လုံးထဲ ထည့်ပေးပြီး မွှေပေးကာ နှစ်မိနစ်လောက် အဖုံးအုပ်ပြီး ထားပေးပါ
  • ကွေကာအုပ် အပြစ်အကျဲကို မိမိနှစ်သက်သလို ရေကိုချင့်ချိန်ပြီး ထည့်ပေးပါ
  • ငှက်ပျောသီးကို အခွံခွာပြီး မိမိနှစ်သက်သလို လှီးပေးပါ
  • ကွေကာအုပ် နှပ်ထားချိန် ပြည့်တာနဲ့ ငှက်ပျောသီးနှင့် ပျားရည်ထည့်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment