Monday, 10 October 2016

ကြက်သွန်ကြော် မွှေးမွှေးလေး






ဒီတခါတော့ အပျင်းပြေ အကြော်လေး ကြော်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ စားရအောင် ကြော်ဖြစ်တဲ့ ကြက်သွန်ကြော် အလွယ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ  - ခပ်ကြီးကြီး တလုံး
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံးခန့်
  • အသုံးမပြုရသေးသော ဒုတ်ချွန်လေးများ - လိုသလောက်
ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့်ကို ရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးပြီး ထက်ခြမ်းခြမ်းပေးပါ
  • ထက်ခြမ်းခြမ်းပြီးတာနဲ့ ပုံပါအတိုင်း ကြက်သွန်နီကို ဒုတ်တံလေး ထိုးပေးကာ  မထူမပါးလေး လှီးပေးပါ
  • နောက်တခု ထပ်လှီးမယ်ဆိုရင် ဒုတ်ချွန်လေးကို ကြက်သွန်မှာ အရင်စိုက်ပြီးမှ လှီးပေးပါ
  • ထိုနည်းအတိုင်း ကြက်သွန်ကုန်အောင် လှီးပေးပါ
  • အရသာနယ်ထားသော မုန့်နှစ်ထဲမှာ ကြက်သွန်နီကိုထည့်ပြီး နယ်ထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော်ရှော့ပေးကာ ဒုတ်ထိုးထားသော  ကြက်သွန်နီကို အသာချပြီး ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သွန်ကြော်မွှေးမွှေး ကြွတ်ကြွတ်လေး ရပါပြီ။

No comments:

Post a Comment