Tuesday, 11 October 2016

ဘရိုကိုလီကြော်




ဒီတခါတော့ ဘရိုကိုလီကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘရိုကိုလီ  - အနေတော် တပွင့်
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • ဘရိုကိုလီကို အပွင့်လိုက် ရေဆေးပြီး ပုံပါအတိုင်း အခက်လေးတွေ လှီးပေးပါ
  • ရေနှင့် ဖျော်ထားသော မုန့်နှစ်ထဲမှာ ဘရိုကိုလီကိုထည့်ပြီး နယ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူပြီး ကျက်လာပါက မီးကိုအနေတော် လျှော့ပေးကာ မုန့်နှစ်လူးထားသော ဘရိုကိုလီကို ဇွန်းနှင့်တခုခြင်းခပ်ကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဘရိုကိုလီကြော် ကြွတ်ကြွတ်လေးကို အချဉ်ရည်နှင့်တွဲဖက်ပြီး စားနိုင်ပါပြီ။

No comments:

Post a Comment