Thursday 6 October 2016

အမဲသားစင်းကော ဆီပြန်


အသား အတုံးလိုက်ကြီးတွေ စားရတာ မစားချင်လေတော့ ဒီတစ်ခါ အမဲသားကို စင်းကောလေးလုပ်ပြီး အမဲသားစဉ်းကော ဆီပြန်လေးချက်ပြီး ထမင်းပူပူနဲ့စားဖို့ရာ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အမဲသား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  10. ပြောင်းဖူးစေ့ - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာ
  11. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ပြင်ဆင်ပုံ

  • အမဲသားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်တာနဲ့ စဥ့်နီတုံးပေါ်တင်ပြီး အသားများ ကြေသွားတဲ့ထိ ဓါးနဲ့ နုတ်နုတ်စင်းပါ
  • စဉ်းထားသော အသားကို ဆား အချိုမှုန့် မဆလာ နနွင်းမှုန့်တို့နှင့်နယ်ပြီး ၁၀မိနစ်ေလောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အချောင်းရှည်လေးတွေလှီးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ပြောင်းဖူးစေ့ကို ပြင်ထားပါ
ဟင်းချက်ရန်
  1. ဆီကိုအပူပေးပြီး ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း  ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးကြော်ပါ
  2. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အသားကို ထည့်မွှေပါ
  3. အသားများ လုံးထွေးထွေးကြီး ဖြစ်မနေစေရန် ဇွန်းဖြင့်ဖိဖိချေကာ အရောင်ပြောင်းလာပြီး မာလာတဲ့ထိ မွှေပေးပါ
  4. ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပြောင်းဖူးစေ့များထည့်၍ အဖုံးဖုံးကာ တည်ပေးပါ
  5. ရေခမ်းကာနီး အိုးမကပ်စေရန် အထက်အောက် မွှေပေးပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment