Saturday 4 September 2021

ထန်းသီးဆံ နို့စိမ်းကျို


 



ဒီနေ့တော့ အချိုတည်းဖို့အတွက် ထန်းသီးဆံဗူးလေးဖောက်ကာ နို့စိမ်းဗူးလေးနဲ့ အချိုရည်လေး ကျိုဖြစ်ပါတယ် သောက်လို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကျိုထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ထန်းသီးဆံ - တစ်ဗူး (565 g)
  2. နို့စိမ်း - တစ်ဗူး (340 g )
ပြင်ဆင်ပုံ
  • ထန်းသီးဆံဗူးနှင့် နို့စိမ်းဗူးတို့ကို ဖောက်ထားပါ
  • ထန်းသီးဆံဗူးထဲမှ သကြားရည်နှင့် နို့စိမ်းတို့ကို အိုးထဲကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • သကြားနှင့်နို့စိမ်းများ ကျိုထားတာ အနည်းငယ် ခမ်းလာပါက ထန်းသီးများကို ထည့်မွှေပေးပါ
  • ငါးမိနစ်လောက် ကျိုပေးပြီးပါက မီးပိတ်ပေးပြီး ချိုစိမ့်မွှေးနေတဲ့ ထန်းသီးဆံ နို့စိမ်း စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment