ဒီနေ့တော့ အချိုပွဲလေး ပြင်ရအောင်လို့ ရွှေကြည်ဆနွင်းမကင်းလေး လုပ်ဖြစ်ပါတယ် မိုက်ခရိုဝေ့မီးဖိုထဲမှာထည့်ပြီး ပင်ပင်ပန်းပန်း လုပ်ရတာ မဟုတ်တဲ့အတွက် ရွှေကြည်ဆနွင်းမကင်းလေး လုပ်စားကြည့်ရအောင် မာမာပြင်ဆင်ပြီး နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ရွှေကြည်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- သကြား - ထမင်းစားဇွန်း ငါးဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
- ထောပတ် - 75 ml
- ဆီ - 80 ml
- အုန်းနို့ - 400 ml
- ကြက်ဥ - သုံးလုံး
- ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ရေ - 200 ml
ပြင်ဆင်ပုံ
- ရွှေကြည်မှုန့်များကို အိုးအသားထူသော ဒယ်အိုးထဲမှာထည့်ပြီး ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးကာ အအေးခံပေးပါ
- ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို အနှစ်နှင့်အကာ သမသွားအောင် ခေါက်ထားပါ
- ထောပါတ်ကို အပူပေးပြီး ဖျော်ထားပါ
- ပါဝင်သော ပစ္စည်းများကို ပြင်ထားပါ
- ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲမှာ လှော်ထားသော ရွှေကြည်မှုန့် ကြက်ဥ အုန်းနို့ သကြား ဆား ရေ ထောပါတ် ဆီ အားလုံးတို့ကို ထည့်ပြီး အကုန်နှံ့အောင် ရောမွှေပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ မီးဖိုပေါ်တင်ကာ တည်ပေးပါ
- ရွှေကြည်များ အိုးမှာ မကပ်စေရန် အဆက်မပြတ် မွှေပေးပါ
- ရွှေကြည်များ ပြစ်လာတာနဲ့ ရွှေကြည်ဖုတ်မည့် ဘန်းထဲကို ပြောင်းထည့်ပေးပါ
- ကျိုထားသော ရွှေကြည်များ မုန့်ဖုတ်မည့် ဘန်းထဲကိုထည့် ပြီးတာနဲ့ သစ်သားယောင်းမဖြင့် ဖိသိပ်ပေးပါ
- ပြီးတာနဲ့ ရွှေကြည်ပေါ်မှာ ဘိန်းစေ့များ ဖြူးပေးပါ
- ဘိန်းစေ့ဖြူးပြီးတာနဲ့ မိုက်ခရိုဝေ့ထဲ ထည့်ပေးပြီး အဖုံးအုပ်ပေးပါ
- ပြီးတာနဲ့ တစ်မိနစ်ထည့်လိုက် ပြန်ထုတ်လိုက် ငါးခါလောက် ထည့်ဖုတ်ပေးပါ
- ငါးမိနစ် ထည့်ပေးပြီးတာနဲ့ ရွှေကြည်ဗန်းကို ထုတ်ပေးပြီး အအေးခံပေးထားပါ
- ရွှေကြည်ဗန်း အေးတော့မှ ရွှေကြည်များကို မိမိနှစ်သက်သည့် ပုံစံလေးများ လှီးပေးကာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment